ငရုတ်ကောင်းမြို့တွင်အသက်(၆၀)နှစ်အထက်သက်ကြီးဘိုးဘွားများနှင့်နာမကျန်းသူများအားအိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲများကောက်ယူ

ငရုတ်ကောင်း  နိုဝင်ဘာ  ၆

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် ၂၀၂၀ ပြည့်နှစ်အထွေထွေ ရွေးကောက်ပွဲနေ့တွင် မဲရုံသို့မလာရောက်နိုင်သည့် မဲဆန္ဒရှင်ပြည်သူများ  အဆင်ပြေချောမွေ့စွာ မဲပေးနိုင်ရေးအတွက် အိမ်တိုင်ရာရောက် ဆန္ဒမဲကောက်ယူခြင်းကို ယနေ့ နံနက်ပိုင်းတွင် အမှတ်(၁)ရပ်ကွက်နှင့် အမှတ်(၂)ရပ်ကွက်တို့၌ ကွင်းဆင်းဆောင် ရွက်ခဲ့ကြောင်းသိရသည်။

အဆိုပါ အိမ်တိုင်ရာရောက် ကြိုတင်ဆန္ဒမဲကောက်ခံရာတွင် မဲရုံသို့ကိုယ်တိုင်ကိုယ်ကျ လာရောက်၍ မဲမပေးနိုင်သည့် အသက်(၆၀)နှစ်အထက် သက်ကြီးဘိုးဘွားများ ၊ မသန်စွမ်းသူများ၊ နာမကျန်းသူများနှင့် မီးဖွားသူများတို့အား မဲပေးခွင့်မဆုံးရှုံး စေရန်အတွက်ကိုဗစ်-၁၉  ရောဂါကာကွယ်ရေး လမ်းညွှန်ချက်များနှင့် အညီ ကြိုတင်ဆန္ဒမဲများ လိုက်လံကောက်ယူခြင်းများဖြစ်ကြောင်း ရပ်ကွက် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများထံမှသိရသည်။

ပြုံးမောင်မောင်(ပြန်/ဆက်)