ပိုင်ကျုံမြို့၌ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်များ ထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်

ပိုင်ကျုံ   အောက်တိုဘာ  ၃၀

ကရင်ပြည်နယ်၊  ဘားအံခရိုင်၊  ပိုင်ကျုံမြို့  လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ပန်းခင်းစီမံချက်ဖြင့်  မိုးနိုင်း​ကျေးရွာအုပ်စု၊ နို့ဖိုးခီးကျေးရွာ၊ ဘုရားရှိခိုး‌ကျောင်းတွင် ယမန်နေ့နံနက်ပိုင်း အချိန်က ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။    

လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနက နိုင်ငံသားတိုင်းနိုင်ငံ‌သားစိစစ်‌ရေးကတ် ကိုင်ဆောင်နိုင်ရန် ရည်ရွယ်၍ ပိုင်ကျုံမြို့လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးစောခန့်အောင်က ဦးဆောင်ပြီး ကျေးရွာရှိတာဝန်ရှိသူများနှင့် ပူးပေါင်း၍ အဆိုပါ ကျေးရွာရှိ ကျေးလက်နေပြည်သူများ နိုင်ငံသားစိစစ်ရေးကတ်များ နေ့ချင်းထုတ်ပေးနိုင်ရေးအတွက် စနစ်တကျ စိစစ်ပြုလုပ်ပေးခဲ့ရာ နိုင်ငံသားစိစစ်ရေးကတ်  စတင်ပြုလုပ်သူကျား(၂၂)ဦး၊ မ(၁၇)ဦးနှင့် စုစုပေါင်း (၃၉)ဦးအား ဆောင်ရွက်ပေးနိုင်ခဲ့ပြီး နိုင်ငံသားစိစစ်ရေးကတ် ပြုလုပ်ရန်ကျန်ရှိသည့် ကျေးရွာများ ကိုလည်း  ပန်းခင်းစီမံချက်ဖြင့် ကျေးရွာအရောက် ဆက်လက်ကွင်းဆင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရှိရသည်၊၊