ကျောက်တံတား၊ နိုဝင်ဘာ ၁ ရက်
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ကျောက်တံတားမြို့နယ် အမှတ်(၁)ရပ်ကွက် အတွင်းရှိ မဟာဗန္ဓုလပန်းခြံအား ဖေဖော်ဝါရီ(၆)ရက်နေ့မှစ၍ ကိုဗစ်-၁၉ ရောဂါများ မြင့်မားလာသည့်အတွက် ယာယီပိတ်ထားခဲ့ရာ ယခုလို ကိုဗစ်-၁၉ ရောဂါကူးစက်မှု လျော့နည်းလာတဲ့အတွက် အများပြည်သူများ အေးချမ်းစွာ အနားယူအပန်းဖြေနိုင်စေရန် ယနေ့နံနက် (၆)နာရီမှစ၍ ပြန်လည်ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
ပန်းခြံဖွင့်လှစ်ချိန်ကို နေ့စဉ်နံနက်(၆)နာရီမှ ညနေ(၆)နာရီအထိ ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ထားသော စည်းကမ်းချက်များနှင့်အညီ ဖွင့်လှစ်သွားမှာဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ စီမံအုပ်ချုပ်ရေးမှုးထံမှ သတင်းရရှိသည်။
မြို့နယ်(ပြန်/ဆက်)