ကော့မှူး၌ ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ပညာသင်ကြား

ကော့မှူး နိုဝင်ဘာ ၁

ရန်ကုန်တောင်ပိုင်းခရိုင် ကော့မှူးမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများကို ယနေနံနက်က စတင်ဖွင့်လှစ်ပြီဖြစ်ရာ သက်ဆိုင်ရာ အခြေခံပညာကျောင်းအသီးသီးတွင် ကျောင်းသား/ကျောင်း သူများ အေးချမ်းစွာပျော်ရွှင်စွာ ပညာသင်ကြားနေကြကြောင်းသိရသည်။

အဆိုပါကျောင်းသား/ကျောင်းသူများကို ဆရာ/ဆရာမများပညာသင်ကြားရာတွင် ကိုဗစ်-၁၉ ရောဂါကာကွယ်ရေးနည်း လမ်းများအတိုင်း လက်ဆေးဘေစင်များ ထားရှိပေးခြင်း၊ ကိုယ်အပူချိန် တိုင်းတာပေးခြင်း၊ အမှိုက်စွန့်ပစ်ခြင်းများကို စနစ်တကျ ဆောင်ရွက်ပေးထားခြင်းနှင့် စာသင်ခန်း၌ ၆ ပေ အကွာ ပညာသင်ကြားပေးရုံသာမက ယဉ်ကျေးလိမ္မာသော ကျောင်းသား/ကျောင်းသူများ ဖြစ်ပေါ်လာစေရန် သင်ကြား ပေးနေကြောင်း သိရသည်။

‌ကော့မှူးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း (၁၈)ကျောင်း၊ အခြေခံပညာ အလယ်တန်းကျောင်း (၃၂)ကျောင်း၊ အခြေခံမှုလတန်းကျောင်း (၇၉) ဘုန်းတော်ကြီးသင် မှုလတန်းကျောင်း(၁)ကျောင်း စုစုပေါင်း (၁၃၀)ကျောင်း ဖွင့်လှစ်သင်ကြားပေးနေကြောင်း မြို့နယ်ပညာ‌ ရေးမှုးရုံးမှ သိရသည်။

ကျော်သူရ (ကော့မှူး)