ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၅/၂၀၂၁) ကျင်းပ

လွိုင်ကော် အောက်တိုဘာ ၂၉

ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ်(၅/၂၀၂၁)ကို ယနေ့နံနက် ပိုင်းက ကယားပြည်နယ်အစိုးရအဖွဲ့ရုံး၊ အစည်းအဝေးခန်းမ၌ ကျင်းပရာ ကယားပြည်နယ် ဝန်ကြီးချုပ် ဦးခင်မောင်ဦး၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦး၊ ကယားပြည်နယ်အစိုးရအဖွဲ့  အတွင်းရေးမှူး ဦးအံ့မော်နှင့် တာဝန်ရှိသူတို့ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်  ဦးခင်မောင်ဦးက အဖွင့်အမှာစကားပြောကြားပြီး ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေးအမှတ်စဉ် (၄/၂၀၂၁) ဆုံးဖြတ်ချက်မှ ဆောင်ရွက်ပြီးစီးမှု အခြေအနေများကို ပြည်နယ်ရင်းနှီးမြုပ်နှံမှုကော်မတီ အတွင်းရေးမှူး ဒေါက်တာထွန်းထွန်း ကဆွေးနွေး တင်ပြသည်။

ဆက်လက်၍ ပြည်နယ်ရင်းနှီးမြှုပ်နှံမှု ကော်မတီအတွင်းရေးမှူး ဒေါက်တာထွန်းထွန်းက ကယားပြည်နယ်အတွင်း အားပေးမြှင့်တင်လိုသည့် ရင်းနှီးမြှုပ်နှံမှုကဏ္ဍများနှင့် ကာလအလိုက်ဆောင်ရွက်မည့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်ရေးစီမံချက်(မူကြမ်း)ရေးဆွဲထားမှု၊ ကလေးသူငယ်အလုပ်သမားပပျောက်ရေးဆိုင်ရာ ဘဏ္ဍာငွေရှာဖွေရေး ကော်မတီ၏ ပထမအကြိမ် လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့မှု နှင့် ကယားပြည်နယ် ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများကြီးကြပ်ရေးအဖွဲ့၏ ၂၀၂၁ ခုနှစ် စက်တင်ဘာလနှင့် အောက်တိုဘာလအတွင်း ကွင်းဆင်းဝန်ဆောင်မှု ဆောင်ရွက်ခဲ့မှု အခြေအနေအား  ဆွေးနွေးတင်ပြသည်။

ထို့နောက် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးချုပ်၊ ဦးခင်မောင်ဦးနှင့် ကယားပြည်နယ်ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်၊ ပြည်နယ်စီးပွားရေးရာဝန်ကြီး ဦးစိန်ဦးတို့က လိုအပ်သည်များဖြည့်စွက် လမ်းညွှန်မှာကြားခဲ့ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)