ရေတာရှည် ဧပြီ ၂၀
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(community Centre)ခန်းမတွင် ယနေ့နံနက် ၈ နာရီ အချိန်က အေရိုးဗစ်သင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါသင်တန်းဖွင့်ပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဥက္ကာသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး အားကစားအင်္ကျီများ ထောက်ပံ့ပေးအပ်ခဲ့ရာ သင်တန်းဆရာတစ်ဦးမှ လက်ခံရယူခဲ့သည်။
ဆက်လက်၍ အေရိုးဗစ်သင်တန်းနှင့် မြန်မာ့သိုင်းသင်တန်းများ သင်ကြားပြသနေမှုအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာများက ကြည့်ရှု အားပေးခဲ့ကြောင်းနှင့် အေရိုးဗစ်သင်တန်းသူ(၂၈)ဦးနှင့် မြန်မာ့သိုင်းသင်တန်းသား(၂၅)ဦး စုစုပေါင်း သင်တန်းသား/ သူ (၅၃)ဦး တက်ရောက်သင်ကြား ခဲ့ကြောင်းနှင့် သင်တန်းကာလမှာ ဧပြီ(၂၀)ရက်နေ့မှ မေလ(၃)ရက်နေ့အထိ (၁၄)ရက်ကြာ အခမဲ့သင်ကြား ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)