နမ့်ဆန်မြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များ စဉ်ဆက်မပြတ်ဆောင်ရွက်ပေး

နမ့်ဆန် ဧပြီ ၂၀

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  နမ့်ဆန်မြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာန ပြည်သူ့စာကြည့်တိုက်တွင် စာပေကိုချစ်မြတ်နိုးသူ မိဘပြည်သူများ ဗဟုသုတရရှိစေရန် ရည်ရွယ်၍ Online မှတဆင့်    အသိပညာပေးအစီအစဉ်များကို  ဆောင်ရွက်ပေးလျက်ရှိရာ  ယနေ့နံနက်ပိုင်းက  ဇာတ်ညွှန်းဒီဇင်ဘာမွန်း၏ ကလေးတို့အတွက်မြန်မာစကားပုံများ စာအုပ်ဖြင့်ရုပ်ပြပုံပြောခြင်း အစီအစဉ်ကို ရိုက်ကူးထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

ကိုဗစ်- ၁၉ ရောဂါ  ဖြစ်ပွားနေသည့်ကာလအတွင်း ပြည်သူ့စာကြည့်တိုက်သို့  မလာရောက်နိုင်သည့်   စာပေချစ်မြတ်နိုးသူ မိဘပြည်သူများနှင့် သားငယ်သမီးငယ်များအား ဗဟုသုတရရှိစေရန်ရည်ရွယ်၍  Online   မှတဆင့် သုတ / ရသ စာအုပ်မိတ်ဆက်ခြင်းအစီအစဉ်၊ ဆေးရောင်ခြယ်အစီအစဉ်၊ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ စက္ကူခေါက်အစီအစဉ်များကို စဉ်ဆက်မပြတ် နမ့်ဆန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ပြည်သူ့စာကြည့်တိုက် Facebook Page မှတဆင့် နေ့စဉ်ထုတ်လွှင့် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

နမ့်ဆန်ဒေသ (ပြန်/ဆက်)