ကော့သောင်းမြို့နယ် သမဝါယမဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပြည်ပပို့ကုန်လုပ်ငန်းများ ဆောင်ရွက်

ကော့သောင်း  ဧပြီ ၂၀

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့နယ်အတွင်း မြို့နယ်သမဝါယမ ဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ရေထွက်ကုန်ပစ္စည်းများကို ပြည်ပပို့ကုန်လုပ်ငန်းများအဖြစ် ဆောင် ရွက်လျက်ရှိကြောင်း မြို့နယ်သမဝါယမ ဦးစီးဌာနမှ သိရသည်။

ကော့သောင်းမြို့နယ် ပင်လယ်ငါးဖမ်းလုပ်ငန်းကဏ္ဍ၏ အဓိကထွက်ကုန်ဖြစ်သည့်ရေထွက် ပစ္စည်းငါး၊ပုဇွန်များကို မြို့နယ်သမဝါယဦးစီးဌာန၏ ကြီးကြပ်မှုဖြင့် ပြည်ပပို့ကုန်လုပ်ငန်းအဖြစ် ထိုင်းနိုင်ငံသို့တင်ပို့ဆောင်ရွက်လျက်ရှိရာတွင် ၂၀၂၁-၂၀၂၂(Mimi) ဘဏ္ဍာရေးနှစ်အတွင်း သမ ဝါယမအသင်း(၂)သင်းဖြစ်သည့်  သိန်းထိုက်ဇော်ရေထွက်ပစ္စည်းနှင့် အထွေထွေရောင်းဝယ် ရေးသမဝါယမအသင်းလီမီတက်မှ ရေထွက်ပစ္စည်းကုန်တန်ချိန် (၂၇၅၉.၃၇၂)တန်၊ အမေရိ ကန်ဒေါ်လာ(၂.၄၂၆)သန်း ကိုလည်းကောင်း၊ အောင်ကျော်ဇော ရေထွက်ပစ္စည်းနှင့်အထွေထွေ စီးပွားရေးသမဝါယမအသင်းလီမီတက်မှ ရေထွက်ပစ္စည်းကုန်တန်ချိန် (၁၉၂၀.၇၃၆)တန်၊ အမေရိကန်ဒေါ်လာ(၁.၅၆၂)သန်း ကိုလည်းကောင်း တင်ပို့နိုင်ခဲ့ကြောင်း သိရသည်။

ကျော်စိုး(ကော့သောင်း)