ကျိုင်းတောင်းမြို့တွင် Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်း ဖွင့်လှစ်

ကျိုင်းတောင်း ဧပြီ ၂၀

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ကျိုင်းတောင်းမြို့ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံ ရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ အခြေခံရှေးဦးသူနာ ပြုစုနည်းသင်တန်းအား ယနေ့ နံနက်ပိုင်း ၉ နာရီအချိန်ခန့်က ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုင်းသီဟထွန်းမှ သင်တန်းဖွင့်လှစ်ရခြင်း အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးဆောင်ရွက်ပြီး ဆက်လက်၍ မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ဦးကျော်မင်းဦးက ကြက်ခြေနီအကြောင်း သိကောင်းစရာများ၊ လူနာစမ်းစစ်ခြင်းအကြောင်းအရာများကို ရှင်းလင်းဆွေးနွေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အခြေခံရှေးဦးသူနာပြုစုနည်း သင်တန်းအား ဧပြီ ၂၀ ရက်နေ့မှ ၂၂ ရက်နေ့ထိ ဖွင့်လှစ်သွား မည်ဖြစ်ပြီး သင်တန်းချိန်အား တစ်ရက်လျှင် (၃) နာရီစာဖြင့် သင်တန်းချိန်အရ ၂၀ ရက်နေ့တွင်  ကြက်ခြေနီအကြောင်းသိကောင်းစရာများ၊ လူနာစမ်းစစ်ခြင်းအကြောင်းအရာများ၊ ၂၁ ရက်နေ့ တွင် ဒဏ်ရာနှင့်ပတ်သက်သောသိကောင်းစရာများ၊ အဆိပ်နှင့် ပတ်သက်သော သိကောင်းစရာများ၊ အရိုးနှင့်ပတ်သက်သော သိကောင်းစရာများ၊ ၂၂ ရက်နေ့တွင် လက်တွေ့သရုပ်ပြ သခြင်းများကို သင်ကြားပိုချသွားမည်ဖြစ်ပြီး သင်တန်းသား(၁၀)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။

သီဟ(ပြန်/ဆက်)