တွံတေးမြို့နယ်၌ အသက်(၁၈) နှစ်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ရာနှုန်းပြည့်ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကျေးရွာများ၌ ဆက်လက်ထိုးနှံပေး

တွံတေး ဧပြီ ၂၀

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါ ဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ် ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေး မထိုးနှံရသေးသည့် အသက်(၁၈) နှစ်နှင့်အထက် ပြည်သူများအား ပထမအကြိမ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး  ထိုးနှံပေးခြင်းကို သက်ဆိုင်ရာ ဦးစားပေးအစီအစဉ်အလိုက် ဦးတည်အုပ်စုများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးကို ထိုးနှံပေးလျက်ရှိပြီး ရာနှုန်းပြည့် ထိုးနှံပေးနိုင်ရေး Mobile အစီအစဉ်ဖြင့် ကျေးရွာများတွင်ထိုးနှံ ပေးလျက်ရှိရာ ယနေ့ နံနက် ၉ နာရီမှ ညနေ ၃ နာရီအထိအကြောင်းအမျိုးမျိုးကြောင့် ကာကွယ်ဆေးမထိုးနှံရသေးသည့် ပြည်သူများအား COVID SHIELD ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ပထမအကြိမ်ကို မယ်ပြေကျွန်းပေါ်ရှိ  ကျွန်းဘက်-ကရင်ချောင်းကျေးရွာအုပ်စု၊ ကဘင်းကြီးကျေးရွာအုပ်စု၊ ဂယက်လမီးကျေးရွာအုပ်စု ကျေးရွာများတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများကို ဆက်လက် ထိုးနှံပေးခဲ့ကြောင်း သိရသည်။

ထိုနည်းတူ အလယ်ချောင်းကျေးရွာအုပ်စု အလယ်ကျွန်းကလေး( ကျွန်းပေါ်ရှိ) ဆေးထိုးအခြေပြုတွင်  မသွားလာနိုင်သော မကျန်းမာသူများအား အိမ်တိုင်ရာရောက် ကာကွယ်ဆေးထိုးပေးပြီး ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုများကို ထိန်းချုပ်နိုင်ရန်နှင့် အိုမီခရွန်ဗိုင်းရပ်ကူးစက်မှုမှ ကာကွယ်နိုင်ရန် ကာကွယ်ဆေးမထိုးနှံရသေးသည့် အသက်(၁၈)နှစ်နှင့်အထက် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထိုးရန်ကျန်ရှိသူများအား ​​ဆေးထိုးနှံနိုင်ရန် မြေပြင်ကွင်းဆင်း၍ mobile အဖွဲ့စုံဖြင့် ပြည်သူ များအား ကိုဗစ်-၁၉ ကာကွယ်​ဆေး ထိုးနှံ​ပေးလျက်ရှိကြောင်း သိရသည်

တွံတေးသား