နယ်ရုံးများ၏သတင်းများ

Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ သင်ရိုး သစ် (Grade-5) ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယမန်နေ့ နံနက်ပိုင်းမှ စတင်၍ အခြေခံပညာအထက်တန်းကျောင်း ပင်လုံခန်းမ၌ Online စနစ်ဖြင့် ဖွင့်လှစ် သင်ကြားလျက်ရှိသည်။
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့ မြန်မာ့စီးပွားရေးဘဏ်ခွဲမှ အငြိမ်းစား ဝန်ထမ်းများ၏ ပင်စင်လစာငွေများကို ယနေ့ နံနက် ပိုင်းမှ စတင်၍ ထုတ်ပေးလျက်ရှိရာ လူစုလူဝေး မဖြစ်ပေါ်စေရန်အတွက် ရပ်ကွက်ကျေးရွာများမှ ပင်စင်စားများအား နေ့အလိုက်ခွဲခြား သတ်မှတ်၍ စနစ်တကျ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Apr 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ သီပေါမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ပြည်သူများ စာပေဖတ်ရှုမှုပိုမိုမြင့်မားလာစေရန် ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် စနစ်ဖြင့် စာအုပ်များငှားရမ်းပေးခြင်းကို ယနေ့နံနက်ပိုင်းက စားသုံးသူရေးရာဦးစီးဌာန၊ တိုင်းရင်းဆေးပညာဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာန သို့သွားရောက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
Apr 21,2022
တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပလောက်မြို့ရှိ အမှတ် (၃) ရပ်ကွက်သို့ ယနေ့နံနက် ၁၀ နာရီက Mobile Library စနစ်ဖြင့် စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။ 
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန(Community Centre)ခန်းမတွင် ယမန်နေ့နေ့လည်ပိုင်းက စာဖတ်စွမ်းရည်ပြိုင်ပွဲကျင်းပခဲ့ကြောင်းသိရသည်။
Apr 21,2022
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ လားရှိုးခရိုင်၊ သိန္နီမြို့တွင် လူငယ်များအနာဂါတ်ဘဝတိုးတက်စေရေး၊ ကြိုးစားအားထုတ်သည့် အလေ့အထကောင်းများရှိစေရန်ရည်ရွယ်၍ လူငယ်များအား အသိပညာပေးသည့် အကြောင်းအရာများကို နံရံကပ်စာစောင်ပြုလုပ်၍ ယမန်နေ့ မွန်းလွဲပိုင်း အချိန်က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးရှေ့မြေစိုက်နံရံကပ်ပြဘုတ်တွင် ပြသခဲ့ကြောင်း သိရသည်။
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Comnunity Centre ခန်းမ၌ လူငယ်များ ဘက်စုံဖွံ့ဖြိုး တိုးတက်ရေးအတွက် ရည်ရွယ်၍ ဟောပြောပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယမန်နေ့နေ့လယ် ၁ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။
Apr 21,2022
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့၊‌ ဇောတိကရပ်ကွက်၊ ဆရာစံလမ်းရှိ မြို့နယ် ပညာရေးမှူးရုံး၌ Online မှပို့ချသော ၂၀၂၂-၂၀၂၃ ပညာသင်နှစ်၊ အခြေခံပညာသင်ရိုးသစ် (Grade-5) ဗဟိုအဆင့်နည်းပြသင်တန်း ဖွင့်လှစ်ပို့ချခြင်းကို ယမန်နေ့ နံနက် ၉ နာရီချိန်က ပြုလုပ် ခဲ့သည်။