မြိတ် ဧပြီ ၂၀
၂၀၂၂-၂၀၂၃ ပညာသင်နှစ်တွင် ကျောင်းသား/ကျောင်းသူများအား သင်ရိုးသစ် (Grade-5) ဘာသာရပ်များ သင်ကြားရာတွင် ပိုမိုထိရောက် အောင်မြင်စေရေးနှင့် သင်ကြားပို့ချမှုများ အရည်အသွေး ကောင်းမွန်စေရေးအတွက် ဖွင့်လှစ်လျက်ရှိသည့် သင်ရိုးသစ် (Grade-5) ဗဟို အဆင့်နည်းပြ (TOT) online သင်တန်းကို မြိတ်မြို့နယ်ရှိ ဆရာ၊ ဆရာမများက အထက(၁) ပညာဗိမာန်ခန်းမတွင် ဧပြီလ(၂၀)ရက်တွင် စတင် တက်ရောက်လျက်ရှိကြသည်။
အဆိုပါသင်တန်းကို ပညာရေးသုတေသန၊ စီမံကိန်နှင့် လေ့ကျင့်ရေးဦးစီးဌာနမှ တာဝန်ရှိသူများက သင်ရိုးသစ် (Grade-5) ဘာသာရပ်များအလိုက် သင်ခန်းစာခေါင်းစဉ်များကို ဧပြီလ(၂၀) ရက်မှ(၂၅)ရက်နေ့အထိ ဖွင့်လျက်သွားမည်ဖြစ်ရာ မြိတ်မြို့နယ်ရှိ မူလတန်းကျောင်းအုပ်များနှင့် ဆရာ၊ ဆရာမ (၄၄)ဦးမှ online ဖြင့် တက်ရောက်လျက်ရှိကြသည်။ သင်တန်းတက်ရောက် လျက်ရှိသည့် မူလတန်းကျောင်းအုပ်များနှင့် ဆရာ၊ဆရာမများက မြို့နယ်အတွင်းရှိ အခြေခံ ပညာရေးကျောင်းများ၌ သင်ရိုးသစ် (Grade-5)သင်ကြားမည့် ဆရာ/ဆရာမများ အား ထပ်ဆင့် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ခိုင်ထူး(မြိတ် ပြန်/ဆက်)