ပုဗ္ဗသီရိ ဧပြီ 20
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပြည်သူ့စာကြည့်တိုက်၌ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်ပေးလျက်ရှိရာ ယနေ့နေ့လယ်ပိုင်းက "နည်းစနစ်တကျလေ့လာမှ အောင်မြင်မှုကိုရရှိမယ်" ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပခဲ့သည်။
ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် လူငယ်များအသိပညာ ဗဟုသုတ များစွာရရှိပြီး တွေးခေါ်မှုမြင့်မားလာစေရန်၊ လူတော်လူကောင်းများအဖြစ်ခြင်းဖြင့် ရွှေရောင်အနာဂါတ်ကို ပိုင်ဆိုင်ကြစေရန်ရည်ရွယ်၍ Online မှတစ်ဆင့် အသိပညာပေးဟောပြောပွဲများကို ဆောင်ရွက်လျက်ရှိရာ ယနေ့ တွင် စာအုပ်စာစောင်ချစ်သူများအဖွဲ့ (Book Club)အဖွဲ့ဝင် ဒေါ်ချယ်ရီအောင်သန်း က " နည်းစနစ်တကျ လေ့လာမှ အောင်မြင်မှုကိုရရှိမယ် " ခေါင်းစဉ်မှ " လူတိုင်းဟာ မိမိဘဝတိုးတက်ရေးအတွက် မဆုတ်မနစ် ဇွဲရှိရှိ ကြိုးစားလုပ်ဆောင်ရန်လိုကြောင်း၊ ခေတ်ကာလနှင့်အညီအသိပညာ၊ အတတ်ပညာများကို နည်းလမ်းမျိုးစုံဖြင့် လေ့လာသင်ယူနိုင်ကြောင်း၊ သင်ယူထားတဲ့ နည်းပညာများကို စနစ်တကျအသုံးချရင် အောင်မြင်သူများဖြစ်လာ မည်ဖြစ်ကြောင်း " စသည့်အကြောင်းအရာများကို ဟောပြောခဲ့သည်။
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပုဗ္ဗသီရိမြို့နယ်ရုံးအနေဖြင့် ပြည်သူများအသိပညာ ဗဟုသုတများ ရရှိစေရန်တွက် Online မှတစ်ဆင့် အသိပညာပေးအစီအစဉ်များကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျှက် ရှိကြောင်း သိရသည်။
မျိုးသီဟ(ပြန်/ဆက်)