ဒလ ဧပြီ ၂၀
ရန်ကုန်တောင်ပိုင်းခရိုင်၊ ဒလမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ၌ ပန်းချီရေးဆွဲနည်းအခြေခံ (အခြေခံ) သင်တန်းကို အခြေခံပညာဦးစီးနဌာနှင့် ပူးပေါင်း၍ ယနေ့ နံနက် ၉:၃၀ နာရီအချိန်တွင် ဖွင့်လှစ် ကျင်းပသည်။
သင်တန်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်သီတာဝင်းက နွေရာသီကျောင်းပိတ်ရက်အတွင်း ပန်းချီသင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ရှင်းလင်း ပြောကြားခဲ့သည်။
အဆိုပါ သင်တန်းတွင် မူလတန်း၊ အလယ်တန်း ကျောင်းသူ/ ကျောင်းသား (၄၀)ဦး တက်ရောက်ပြီး ပန်းချီဆရာ ဦးရှိုင်းမင်းမင်းက ဧပြီလ ၂၀ ရက်မှ ၂၂ ရက်နေ့အထိ နံနက် ၉:၃၀မှ ညနေ ၄:၃၀ နာရီအထိ (၃)ရက်ကြာဖွင့်လှစ် သင်ကြားပေးမည်ဖြစ်သည်။ သင်တန်းတွင် ကျောင်းသား၊ ကျောင်သူများ ပန်းချီပညာကို လေးစားတန်ဖိုးထားစေရန် အမှားအမှန်ကို ဝေဖန်တတ်စေရန် နိုင်ငံ့သားကောင်း သမီးကောင်းများ ဖြစ်လာစေရန် အစရှိသည်များကို ရည်ရွယ်၍ ပန်းချီသင်တန်းကို သင်ကြားပေးရခြင်းဖြစ်သည်။
ဒလ (ပြန်/ဆက်)