မြင်းခြံ ဧပြီ ၂၀
မန္တလေးတိုင်းဒေသကြီး မြင်းခြံမြို့တွင်သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံး၌ ဖွင့်လှစ် သင်ကြားပို့ချပေးလျက် ရှိကြောင်း သိရသည်။
“ယခု သင်ရိုးသစ် Grade-5 ဗဟိုအဆင့်နည်းပြ (TOT) Online သင်တန်းမှာ နည်းပြ ဆရာ/ဆရာမများ တက်ရောက်သင်ကြားနေပြီး မိမိတို့မှတစ်ဆင့် ပြန်လည်သင်ကြားပို့ချသည့် အခါမှာလည်း အမှားအယွင်း အခက်အခဲမရှိ ပို့ချပေးနိုင်ရန်အတွက် သေချာလိုက်နာမှတ်သားထားဖို့ လိုအပ်ကြောင်း” မြို့နယ်ပညာရေး(တာဝန်) ဦးစိုးမြင့်ချိုက ပြောသည်။
အဆိုပါ သင်တန်းကို ဧပြီလ ၂၀ ရက်နေ့မှ ဧပြီလ ၂၅ ရက်နေ့အထိ Online မှ သင်ကြားပို့ချသွားမည်ဖြစ်ပြီး မြင်းခြံမြို့နယ်အတွင်းရှိ သင်တန်းနည်းပြ ဆရာ/ဆရာမ (၃၂) ဦးတက်ရောက် သင်ကြားခဲ့ကြသည်။ Grade-5 မြို့နယ်အဆင့် Face to Face ဆင့်ပွားသင်တန်းကို မေလ (၁၀) ရက်နေ့မှ (၁၃) ရက်နေ့အထိ ပြန်လည်သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
ကျော်စွာ(မြင်းခြံ)