ရမည်းသင်း ဧပြီ ၂၅
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ရမည်းသင်းခရိုင် အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သော Myanmar Fitness Dance အကသင်တန်းကို ယနေ့ နံနက် ၉ နာရီခွဲတွင် ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ခရိုင် အားကစားမှူး ဒေါ်ထက်ထက်ဝင့်က အားကစား ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးနှင့် ကိုယ်လက်လှုပ်ရှားအားကစား ပြုလုပ်ခြင်းဖြင့် ကျန်းမာရေးအကျိုးကျေးဇူးများကို အကျယ်တဝင့် ရှင်းလင်းပြောကြားသည်။ ဒေါ်ငုဝါသဲ(နည်းစနစ်မှူး)နှင့် ရမည်းသင်းခရိုင်ကိုယ်စားပြုတိုင်းလက် ရွေးစင် Myanmar Fitness Dance အကနည်းပြ ဆရာမ မယွန်းစန္ဒာတို့မှ ကကွက်တစ်ခုချင်းစီဖြင့် သင်ကြားပြသရာသင်တန်းသား၊ သင်တန်းသူများက လက်တွေ့ကပြကြသည်။
အဆိုပါသင်တန်းကို နံနက်ပိုင်းကလေငယ်(၂၅)ဦး ကိုလည်းကောင်း၊ မွန်းလွဲ ၃ နာရီတွင် လူကြီး (၂၅)ဦး တို့ကိုလည်းကောင်း ဧပြီ ၂၅ ရက်မှဧပြီ ၂၉ ရက်နေ့ထိ ၅ ရက်ကြာ သင်ကြားပေးသွား မည်ဖြစ်ကြောင်း သိရသည်။
ဇော်ဝင်းအောင်(ပြန်/ဆက်)