ဝါးခယ်မမြို့နယ် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ဆောင်ရွက်

ဝါးခယ်မ ဧပြီ ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show ကို ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါ စားသုံးသူကာကွယ်ရေး အသိပညာပေး Talk Show တွင် မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ရီရီလွင်နှင့် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးအောင်မိုးတို့က စားသုံးသူများအနေဖြင့် ရရှိနိုင်သည့် အခွင့်အရေးများ၊ ဈေးကွက်အတွင်း ကုန်စည်များ ရောင်းဝယ်မှုနှင့် ပတ်သတ်ပြီး သိသင့်သိထိုက်သည်များကို လည်းကောင်း၊ စားသုံးသူများအနေဖြင့် စားသောက်ကုန် ပစ္စည်းများ ဝယ်ယူသုံးစွဲရာတွင် ကုန်စီအညွှန်းအမှတ်အသား တံဆိပ်ပါဝင်သည့် ကုန်ပစ္စည်းများကို ဝယ်ယူသုံးစွဲကြရန်၊ ဘေးဥပါတ် အန္တရာယ်ရှိနိုင်သည့် ကုန်ပစ္စည်းများကို သေချာစွာ စိစစ်ဝယ်ယူသုံးစွဲရန်၊ ကုန်စည် ကုန်ညွှန်းအမှတ်အသား ပါရှိစေရေး၊ ပြည်တွင်းကုန်စည် စီးဆင်းမှုများတွင် စားသုံးသူရေးရာဝန်ကြီးဌာနမှ စိစစ်ထောက်ခံထားသည့် ကုန်စည်သာ တင်သွင်းရောင်းချနိုင်ပြီး အရည်အသွေး ပြည့်မှီစေရေးအတွက် စားသုံးသူရေးရာဦးစီးဌာနမှ ဈေးကွက်အတွင်း စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း ဆွေးနွေးခဲ့ကြသည်။

ဟိန်းထက်လင်း(ပြန်/ဆက်)