လှိုင်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ဆက်လက် ထိုးနှံပေး

လှိုင် ဧပြီ ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အနောက်ပိုင်းခရိုင်၊ လှိုင်မြို့နယ်၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ် နိုင်ရန်အတွက် အသက်(၁၈)နှစ် နှင့်အထက် ပြည်သူများအား လှိုင်မြို့နယ် အမှတ်(၁၄)ရပ်ကွက်၊ စိန်ပန်းကျောင်းတွင် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး မထိုးနှံ ရသေးသူများအား ပထမအကြိမ် (sinovac) ထိုးနှံ သူစုစုပေါင်း (၄၀)ဦး၊ (Astrazeneca) ထိုးနှံသူစုစုပေါင်း (၇၅) ဦး၊ ဒုတိယအကြိမ် (covidshield) ထိုးနှံသူစုစုပေါင်း (၃၆၃) ဦးနှင့် (Boster Dose) ထိုးနှံသူစုစုပေါင်း (၂၅) ဦး ရှိကြောင်း သိရသည်။

လှိုင်မြို့နယ် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းကော်မတီ၏ ကြီးကြပ်မှုဖြင့် သက်ဆိုင်ရာ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် စာရေးဝန်ထမ်းများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များက ကာကွယ်ဆေးထိုးနှံရန် လာရောက်ကြသော အသက် (၁၈) နှစ်နှင့်အထက် ပြည်သူများလူစုလူဝေး မဖြစ်ပေါ်စေရေး၊ သွားလာရေး အဆင်ပြေစေရန် ကျန်းမာရေးဝန်ကြီး ဌာနမှ ထုတ်ပြန်ထားသော စည်းကမ်းချက်များ နှင့်အညီ ဆောင်ရွက်လျက်ရှိကြောင်း သတင်းရသည်။

ကျော်ရဲအောင် (ပြန်/ဆက်)