မေတ္တာမြို့၌  အခြေခံပညာကျောင်းများတွင် (၂၀၂၁-၂၀၂၂) ပညာသင်နှစ် ကျောင်းတွင်းစစ် စာမေးပွဲများအောင် စာရင်းထုတ်ပြန်ကြေညာ

​မေတ္တာ ဧပြီ  ၂၅

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊​ မေတ္တာမြို့ အတွင်းရှိ (၂၀၂၁-၂၀၂၂) ၊ ပညာသင်နှစ်အတွင်း ဖွင့်လှစ်သင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများတွင် ကျောင်းတွင်းစစ် စာမေးပွဲများမှ အတန်းလိုက်စာမေးပွဲအောင်စာရင်းများကို ယမန်နေ့ နံနက် ၆ နာရီ အချိန်မှစ၍ ယနေ့ နံနက် ၆ နာရီအချိန်တွင် သက်ဆိုင်ရာကျောင်းများအလိုက် အောင်စာရင်းထုတ်ပြန်၍ ကျောင်း၏ ကြော်ငြာသင်ပုန်းတွင် ကပ်ထားကြေညာပေးထားရာ ကျောင်းသားမိဘများ၊ ကျောင်း သူ/ သားများ လာရောက်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

ယင်းသို့ စာမေးပွဲအောင်စာရင်းများကြေညာရာတွင် ၂၀၂၁-၂၀၂၂ ပညာသင်နှစ်၊ သင်ရိုးသစ် (KG)တန်းမှစ၍ (Grade-10)အတန်းအထိ အတန်းလိုက် အောင် စာရင်းများကို ဧပြီလ (၂၄ ရက် နေ့မှ၂၆) ရက်​​နေ့အထိ (၃)ရက်ကြာ ကပ်ထားကြေညာပေးထားမည်ဖြစ်ပြီး ၂၀၂၂ ခုနှစ်၊ မေလ (၂၅) ရက်နေ့မှစတင်၍ ၂၀၂၂- ၂၀၂၃ပညာသင်နှစ်အတွက် ကျောင်းသူ/သားများကို ကျောင်းအပ်နှံမှုလက်ခံပေးသွားမည်ဖြစ်ကြောင်း ကျောင်းအုပ် ဆရာမကြီးထံမှ သိရသည်။

အေးအေးချို(မေတ္တာ)