ထန်းတပင်မြို့နယ် လူထုအ​ခြေပြုဗဟိုဌာနခန်းမတွင် လူငယ်များအတွက် အခြေခံကွန်ပျူတာ သင်တန်းဖွင့်လှစ်​ဆောင်ရွက်

ထန်းတပင် ဧပြီ ၂၅


နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်ရန်၊ စာကြည့်တိုက်နှင့်ရင်းနှီးမှုရှိစေရန်နှင့် ကွန်ပျူတာပညာရပ်ကိုအခြေခံတက်မြောက်စေရန်ရည်ရွယ်၍ ရန်ကုန်မြောက်ပိုင်းခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနလူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် အခြေခံပညာအလယ်တန်းအဆင့် လူငယ်၊ လူရွယ် အတွက် အခြေခံ ကွန်ပျူတာအသုံးပြုနည်းသင်တန်းကို ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိပြီး ဧပြီလ(၂၅)ရက်နေ့ကလည်း ခြေခံကွန်ပျူတာအသုံးပြုနည်းများကို ဆက်လက်ကာသင်ကြားပေးလျက်ရှိသည်။
အခြေခံကွန်ပျူတာ အသုံးပြုနည်းသင်တန်းကို လူထုအခြေပြုဗဟိုဌာနခန်းမတွင် ဧပြီလ() ရက်နေ့မှစတင်၍ ဖွင့်လှစ်ဆောင်ရွက်ပေးခဲ့ခြင်းဖြစ်ပြီး သင်တန်းကာလမှာ ဧပြီလ()ရက်နေ့မှ ဧပြီလ(၃၀)ရက်နေ့အထိ တစ်လကြာ အပတ်စဉ်ရုံးဖွင့်ရက်ကာလ တနင်္လာနေ့မှ သောကြာနေ့တိုင်း ဖွင့်လှစ်ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်းလည်း သိရသည်။ သင်တန်းသို့အခြေခံ ပညာအလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ(၁၀)ဦးတို့ တက်ရောက်လျက်ရှိသလို သင်တန်းတွင်လည်း တက်ရောက်လျက်ရှိသည့် လူငယ်၊ လူရွယ် ကျောင်းသား၊ ကျောင်းသူ များအား (Microsoft Office Word) အခြေခံစာစီစာရိုက်နည်းများနှင့် အခြေခံကွန်ပျူတာ အသုံးပြုနည်းများကို  စာတွေ့၊ လက်တွေ့လေ့ကျင့်သင်ကြားပေးလျက်ရှိကြောင်းလည်း သိရသည်။

ဇင်မင်းထိုက်(ထန်းတပင်)