ပင်လောင်းမြို့နယ်တွင် စစ်တုရင်ပြိုင်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ကျင်းပပြုလုပ်

ပင်လောင်း ဧပြီ ၃၀

အနာဂတ်၏ ကြယ်ပွင့်ကလေးများဖြစ်သော ကျောင်းသား/သူများ၏ ဗလငါးတန်ပိုမိုဖွံ့ ဖြိုးတိုးတက်စေရန်နှင့် နွေရာသီကျောင်းပိတ် ရက် အားလပ်ချိန် များကို အကျိုးရှိရှိအသုံးပြုနိုင်စေရန် ရည်ရွယ်လျက် ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသပင်လောင်းမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊လူထုအခြေပြုဗဟိုဌာန (Communty Center) တွင် စစ်တုရင်ပြိုင်ပွဲနှင့် ရုံးခြံဝန်းအတွင်း ပြုလုပ်ထားသော ပိုက်ကျော်ခြင်း ကွင်းတွင်ပိုက်ကျော်ခြင်း ပြိုင်ပွဲကို အားကစားနှင့် လူငယ်ရေးရာဝန်ကြီးဌာန ပင်လောင်းမြို့နယ် အားကစားမှုးနှင့် ဝန်ထမ်းများ၊ မြို့နယ် အတွင်းရှိ စစ်တုရင်ဝါသနာရှင်များ၊ ပိုက်ကျော်ခြင်း ဝါသနာရှင်များ ပူးပေါင်း ၍ ပြိုင်ပွဲများ ကိုယနေ့နံနက်ပိုင်းတွင် ကျင်းပပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

 ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ပြိုင်ပွဲဝင်.သုံးယောက်တွဲဖြင့် ပြိုင်ပွဲဝင်အသင်း(၈)သင်းအား ပတ်လည်စနစ်၊ ရှုံးထွက် စနစ်များဖြင့်ယှဉ်ပြိုင်ကစားကြခြင်းဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယရရှိကြသော အသင်းများအား ဆုများ ချီးမြှင့်ခြင်း၊ စစ်တုရင်ပြိုင်ပွဲတွင် ပြိုင်ပွဲဝင်(၂၁)ဦးအား ပတ်လည်စနစ်၊ ရှုံးထွက်စနစ်များဖြင့် ယှဉ်ပြိုင်ကစားစေပြီး ပထမ၊ ဒုတိယ၊ တတိယရရှိသူများအား ( ၁.၅.၂၀၂၂) ရက်နေ့တွင် ဆုချီးမြှင့်ပေးခြင်းနှင့် မြို့နယ်အတွက် အားကိုးရသည့် အားကစား သမားကောင်းများ ပေါ်ထွက်လာစေရေးအတွက် သက်ဆိုင်ရာ တာဝန်ရှိသူများ ပူးပေါင်း၍ ဆက်လက် လေ့ကျင့်ပျိုးထောင်မည်ဖြစ်ကြောင်း သိရသည်။

ထွန်းလင်း(ပင်လောင်း)