ဘားအံခရိုင် လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကလေးသူငယ်အခွင့်အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေး ဆွေးနွေးပွဲ Talk Show ပြုလုပ်

ဘားအံ ဧပြီ    ၃၀

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဘားအံခရိုင်  လူထုအခြေပြုဗဟိုဌာန Community Centre  ခန်းမတွင် ကလေးသူငယ် အခွင့် အရေးနှင့် ကလေးအလုပ်သမားပပျောက်ရေးအသိပညာပေးဆွေးနွေးပွဲ Talk Show ကို ယမန်နေ့မွန်း (၃:၀၀)နာရီအချိန် က ကျင်းပပြုလုပ် ခဲ့ကြောင်း သိရှိရသည်။

အဆိုပါအသိပညာပေးဆွေးနွေးပွဲ Talk Show တွင် ဘားအံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဒေါ်ခက်ခက်လွင် က  Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားပြီး ဘားအံမြို့နယ် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်း ဥက္ကဋ္ဌ ဒေါ်အေးမြတ်ရီက ကလေးသူငယ်များရပိုင်ခွင့်ရှိသော အခွင့်အရေးများ၊ ကလေးများတွင် အန္တရာယ်ကျရောက်ပါက ကာကွယ် စောင့်ရှောက်ရန် မိဘ၊ အုပ်ထိန်းသူနှင့် လူမှုပတ်ဝန်းကျင် တစ်ခုလုံးတွင် တာဝန်ဖြစ်ကြောင်း၊ ကလေးအလုပ်သမား ဖြစ်ပေါ်ရသည့် အကြောင်း အရင်း၊ ကလေးအလုပ်သမားများ၏ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး၊ ကလေးများအတွက် အသိပညာ၊ အတက်ပညာများရရှိရေး ဆောင်ရွက်ပေးနေမှုများ၊ ကလေးများ၏ ဘဝလုံခြုံရေးနှင့် သာယာအေးချမ်းရေးအတွက် စောင့်ရှောက်ပေးရန် တာဝန်ရှိမှုများကို ဆွေးနွေး ခဲ့ကြောင်း သိရှိရသည်။

ခရိုင်(ပြန်/ဆက်)