နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကျင်းပ

တောင်ကုတ် ဧပြီ ၃၀

လူငယ်များဗလငါးတန်ဖွံ့ဖြိုးစေရန်ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော နွေရာသီအခြေခံပန်းချီသင်တန်းဆင်းပွဲနှင့် ဆုပေးပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီအချိန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ တောင်ကုတ်မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ ကျင်းပသည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိ ဦးမြင့်ရွှေနှင့် ပန်းချီဆရာရက္ခတို့က အမှာစကားပြောကြားပြီးနောက် ပန်းချီပြိုင်ပွဲတွင် ဆုရရှိသူများသို့ ဆုများချီးမြှင့် ကြသည်။

ထို့နောက် ဦးစီးအရာရှိ ဦးမြင့်ရွှေနှင့် ဒုတိယဦးစီးမှူး ဒေါ်မြင့်မြင့်အေးတို့က ပန်းချီပညာရှင်များ ဖြစ်ကြသည့် ဆရာရက္ခ ၊ ကာတွန်းခဲခတ်ချေတို့အား လက်ဆောင်ပစ္စည်းများ ပေးအပ်ကြသည်။

 အဆိုပါသင်တန်းမှာ ရက်သတ္တ(၃)ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး သင်တန်းတွင် အခြေခံပန်းချီ ပညာရပ်များနှင့် ရေဆေးဖြင့်ရေးဆွဲနည်းများကိုပါ သင်ကြားခဲ့ကြောင်းသိရသည်။

မြို့နယ်ပြန်/ဆက်