စဉ့်ကူးမြို့နယ်တွင် (၇၆)နှစ်​မြောက်မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့​နေ့ အထိမ်းအမှတ်အကြို ပြည်သူ့အကျိုးပြု လုပ်ငန်းများ ဆောင်ရွက်

စဉ့်ကူး  မေ ၂

မ​န္တလေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊​ စဉ့်ကူးမြို့နယ် မီးသတ်တပ်ဖွဲ့မှ ၂၀၂၂ ခုနှစ်၊ မေလ ၅ ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ် မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ပြည်သူ့အကျိူးပြုလုပ်ငန်းများကို ယနေ့နံနက်က စဉ့်ကူးမြို့၊ အမှတ် ၁ ရပ်ကွက် ရှိ ရွှေမုဌောဘုရား ရင်ပြင်၌ မီးသတ်တပ်ဖွဲ့ဝင်များ စုပေါင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ပြည်သူ့အကျိုးပြုလုပ်ငန်းများအဖြစ် ရွှေမုဌောဘုရားရင်ပြင်နှင့် ဘုရားပရဝုဏ်အတွင်း/အပြင် သန့်ရှင်း​​ရေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရေသပ္ပာယ်ခြင်းတို့ကို စဉ့်ကူးမြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးချမ်းပြည့်ကျော် ဦးဆောင်၍ သန္ဓေ၊ အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးအဖွဲ့ဝင်များ စုစုပေါင်းအင်အား (၄၀)ဦးက (၇၆)နှစ်​မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့​နေ့ အထိမ်းအမှတ်အဖြစ် ပြည်သူ့အကျိူးပြု လုပ်ငန်းများ စု​ပေါင်း​ဆောင်ရွက် ကုသိုလ်ယူခဲ့​ကြကြောင်း သိရသည်။

တင်ဇာလွင် (ပြန်/ဆက်)