ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၄၀၀)ကြိမ်ရှိလာ

ညောင်ဦး  မေ  ၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး ၊အ‌နောက်ပုလင်း ကျေးရွာအနီး ဧရာဝတီမြစ်ကမ်းဘေးတွင်ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်း ကိုဗစ်-၁၉ရောဂါ ကာလအတွင်း မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Onlineမှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများပြားလာကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူ များထံမှ သိရသည်။

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ မြန်မာ့သစ်လုပ်ငန်းက ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်းသာယာဆင်စခန်းအား ကိုဗစ်-၁၉ ကူးစက်ရောဂါကာလအတွင်း  မြန်မာ ပြည်အရပ်ရပ်ရှိဆင်ချစ်သူများက Online မှတဆင့် ဆင်စာဘူဖေးကျွေးမွေးလှူဒါန်းလျက်ရှိရာ ကိုဗစ်-၁၉ ကူးစက်ရောဂါ ကာလအတွင်း ဆင်စာဘူဖေးကျွေးသူများပြားလာ ကာ(၄၀၀)ကြိမ်ထိ ဆင်စာဘူဖေးကျွးမှုများပြားလာ ပြီးနောက်ထပ်ကျွေးမွေးဖို့ Online မှလည်းကြိုတင်ချိတ်ဆက်မှုများ လည်းရှိနေသေးကြောင်း ဆင်စခန်းတာဝန်ရှိသူများထံမှ သိရသည်။

မြန်မာနိုင်ငံ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဆင်စခန်း(၂၂)ခုထိဖွင့်လှစ်ထားရှိ ထားပြီး ဆင်စာ ဘူဖေးကျွေးမွေးလှူဒါန်းလိုပါက ဆင်စခန်းအမည်များနှင့်Page များတွင် ဆက်သွယ်လှူဒါန်းနိုင် ကြောင်း၊ ဆင်စာအဖြစ် ကြံ၊ နေပီယာမြက်၊ငှက်ပျောသီး၊ ဖရုံသီး၊ ဖရဲ သီး၊ သခွားသီး၊သရက်သီး၊ အုန်းသီး၊ ပြောင်းဖူးများကိုအဓိကကျွေးကြကာ ရာသီပေါ်သီနှံများ အားကျွေးမွေးကြပြီး ဆင်စာ ဘူဖေးတစ်ခါကျွေးလျှင် သုံးသောင်းကျပ်မှ ငါးသောင်းကျပ်ထိ လှူဒါန်းကြကာ တနေ့စာ ဆင်ခုနှစ် ကောင်အတွက် တစ်သိန်းကျပ်လှူဒါန်းနိုင်ကြောင်း သိရသည်။

ပလင်းကမ်းသာယာဆင်စခန်းဆင်စခန်းသို့ မလာရောက်နိုင်ပါက ဆင်စခန်း Page များမှတဆင့် ဆက်သွယ်လှူဒါန်းနိုင်ကြောင်း ပလင်း ကမ်းသာယာဆင်းစခန်း တာဝန်ခံ လက်ထောက်မန်နေဂျာ ဖုံး(၇၉၃၈၂၀၅၃၂) သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်း သိရကာ ကိုဗစ်-၁၉ ကူးစက်ရောဂါကာလ အတွင်း ဆင်စာဘူဖေးကျွးမှု (၄၀၀)ကြိမ်ရှိခဲ့ပြီဖြစ်ကြောင်း မြို့အခြေပြုခရီးသွားလုပ်ငန်းဖွံ့ဖြိုးမှု အတွက် ဖွင့်လှစ်သည့် ဆင်စခန်းများ ကိုဗစ်-၁၉ကာလ ဆင်စာခက်ခဲလျှက်ရှိကာ တောတောင်၊ ရေမြေ သဘာဝအခြေခံဖွင့်လှစ်ထားသည့် ဆင်စခန်းများရှိဆင်များအတွက် အစာရေစာမခက်ခဲ ကြောင်းလည်းပလင်းကမ်းသာယာဆင်စခန်း သစ်အုပ်ကြီး ဦးစောဝါးဝါးထံမှ သိရသည်။

ကိုထိန်၊KPD