မိုင်းငေါ့ မေ ၂
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ မိုင်းငေါ့မြို့တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးကာလအတွင်း ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေး အစီအစဉ်များကို Online မှတစ်ဆင့် ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။
မိုင်းငေါ့မြို့ အတွင်းရှိ ကျောင်းနေအရွယ်ကလေးများ ဉာဏ်ရည်၊ ဉာဏ်သွေးဖွံ့ဖြိုးတိုးတက်လာစေရန်၊ ကိုယ်ရည်ကိုယ်သွေးထက်မြက်လာစေရန်၊ အသိပညာဗဟုသုတများတိုးလာစေရန် အတွက် ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ဆိုခြင်း၊ အရုပ်ခေါက်ခြင်း၊ ဆေးရောင်းခြယ်ခြင်း စသည့်တို့ကိုလည်းကောင်း၊ စာဖတ်ပရိတ်သတ်များအတွက် သုတ/ရသ စာအုပ်များဖြင့် စာအုပ်မိတ်ဆက်ခြင်းစသည့် အသိပညာပေးအစီအစဉ်များကို ရိုက်ကူးတင်ဆက်ပေးလျက်ရှိပါသည်။
ယနေ့တွင်စာကြည့်တိုက်မှူး ဒေါ်မို့မို့မှ “စာတတ်စာဖတ်မှအသိပညာရ” စာအုပ်ဖြင့် ပုံပြောခြင်း အစီအစဉ်ကို Online မှ တစ်ဆင့် တင်ဆက်ပေးခဲ့ကြောင်း သိရသည်။
မြင့်သွယ်(မိုင်းငေါ့ ပြန်/ဆက်)