ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ  (၇၆)နှစ်မြောက် မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် သောက်သုံးရေလှူဒါန်း

ကျောက်ပန်းတောင်း မေ ၂

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့်၊ ယမန်နေ့ နံနက်ပိုင်းက ဆိုင်းဘုတ်တင်ခြင်းနှင့် သောက်သုံးရေ လှူဒါန်းခြင်းကို ဘဲများကျေးရွာအုပ်စုရှိ  စီရင်စုကျေးရွာတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် သန္ဓေတပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား(၄၅)ဦးသည်၊  (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် အောင်မင်္ဂလာရပ်ကွက်ရှိ မြို့နယ်မီးသတ် ဦးစီးဌာနရုံးရှေ့တွင် မြို့နယ်မီးသတ်တပ်ဖွဲ့၏ ပြည်သူ့အကျိုးပြု ဆောင်ရွက်မှုမှတ်တမ်းဓာတ်ပုံများပါ ဗီနိုင်း ဆိုင်းဘုတ်တင်ခြင်းနှင့် အမွှေးနံ့သာရည် ပက်ဖျန်းခြင်းများကို နံနက်(၈)နာရီတွင် ဆောင်ရွက်ခဲ့ကြပြီး၊ နံနက်(၉) နာရီတွင် သောက်သုံးရေလိုအပ်လျက်ရှိသည့် ကျောက်ပန်းတောင်းမြို့နယ်ဘဲများကျေးရွာအုပ်စု ရှိ စီရင်စုကျေးရွာမှ အိမ်ခြေ (၁၂၀)တို့အတွက် မီးသတ်ရေသယ်ယာဉ်(၂)စီးဖြင့် သောက်သုံးရေများ သွားရောက်လှူဒါန်းခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)