မင်္ဂလာဒုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) စာဖတ်ဝိုင်း ပြုလုပ်ကျင်းပ

မင်္ဂလာဒုံ မေ ၂

 ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မင်္ဂလာဒုံမြို့နယ် စာပေချစ်မြတ်နိုးသူများအသင်း (Book Club) မှ ဦးဆောင်၍ ဧပြီလ ၃၀ ရက်နေ့ နံနက် ၉နာရီမှ ၁၂နာရီ ထိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre) ပြည်သူ့စာကြည့် တိုက်တွင် စာဖတ်ဝိုင်းပြုလုပ် ဆောင်ရွက်ကြောင်း သိရသည်။

စာဖတ်ဝိုင်းတွင်       စာရေးဆရာ မောင်သာ(ရှေးဟောင်းသုတေသန)က “သမိုင်းဝင်ထင်ရှား မဟာမိတ် စစ်သင်္ချိုင်းများ” စာစုကို ဖတ်ကြားခဲ့ပြီး တက်ရောက်လာကြသော စာပေချစ်သူများက မင်္ဂလာဒုံမြို့ အမည်ဖြစ်ပေါ်လာပုံ၊ မင်္ဂလာဒုံမြို့နယ်၏ အထင်ကရသမိုင်းကြောင်းများ၊ မင်္ဂလာဒုံ မြို့နယ်တွင် တည်ရှိသော ထောက်ကြန့်စစ်သင်္ချိုင်း အကြောင်းများကို သိရှိရ၍ ဗဟုသုတများစွာ ရရှိပါကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။

စာဖတ်ဝိုင်းပြုလုပ်ဆောင်ရွက်ရာ၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးမှူး ဒေါ်ဆုလှိုင်၊ မြို့နယ်စာရေးဆရာအသင်း ဥက္ကဋ္ဌ ဦးငွေစိုးနှင့် စာရေးဆရာ/ဆရာမများ၊ ကျောင်းသား/ ကျောင်းသူများ တက်ရောက်ဆွေးနွေးခဲ့ကြကြောင်းသိရှိရပြီး စာဖတ်ဝိုင်းများကို လစဉ်ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်းကိုလည်း သိရှိရသည်။

ဆုလှိုင်(မင်္ဂလာဒုံ)