ကျောက်ဆည် မေ ၂
မန္တလေးတိုင်းဒေသကြီ၊ ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ယနေ့ နံနက်(၈)နာရီက ကာရာတေးဒို အခြေခံသင်တန်း (အခမဲ့)ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
သင်တန်းတွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက လူငယ်လူရွယ်များ ကာယစွမ်းရည်တိုးပွားရေးနှင့် နွေရာသီအားလပ်ရက်များတွင်အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရေး၊ ကျန်းမာကြံ့ခိုင်သော အနာဂတ်လူငယ်များ ဖြစ်လာစေရန် ရည်ရွယ်ချက်များဖြင့် ကာရာတေးဒိုသင်တန်း ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ရှင်းလင်း ပြောကြားခဲ့ပြီး သင်တန်းနည်းပြဆရာမ မထက်ထက်အောင်က သင်တန်းတွင်သင်ကြားပေးမည့် ကာရာတေးဒိုပညာရပ်များကို စိတ်ပါဝင်စားစွာ သင်ယူသွားကြပြီး လက်တွေ့နယ်ပယ်များတွင် အကျိုးရှိစွာ အသုံးချသွားကြစေရေး ရှင်းလင်းပြောကြားခဲ့သည်။
ထို့နောက် ကရောတေးဒိုသင်တန်းကို ဆက်လက်သင်ကြားခဲ့ကြောင်းနှင့် သင်တန်းတွင် သင်တန်းသား/ သင်တန်းသူ (၃၀)ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ မတ်(၂)ရက်နေ့မှ (၁၁)ရက်နေ့ အထိ (၁၀)ရက်ကြာ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်းနှင့် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် နွေရာသီအားလပ်ရပ်များ၌ လူငယ်များအချိန် ကိုအကျိုးရှိစွာ အသုံးချတတ်စေရေးအတွက် အေရိုးဗစ်သင်တန်း၊ ဖန်စီအိတ်ထိုးနည်းသင်တန်း၊ ရှေးဦးပြုစုခြင်းအခြေခံသင်တန်းများကိုလည်း အခမဲ့ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)