ဘုတ်ပြင်း မေ ၂
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းမြို့၌ မေလ (၅) ရက်နေ့တွင် ကျရောက်မည့် (၇၆)နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘုတ်ပြင်းမြို့နယ် မီးသတ် စခန်းမှ မီးသတ်တပ်ဖွဲ့ဝင်များက မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့နေ့ အထိမ်းအမှတ် ဗီနိုင်းစိုက်ထူခြင်းကို ယမန်နေ့က မြို့နယ်မီးသတ်ဦးစီးဌာန ရုံးရှေ့တွင် စိုက်ထူခဲ့ကြသည်။
ထိုသို့ ဆောင်ရွက်ပြီး မြို့နယ်မီးသတ်ဦးစီးမှူးနှင့် မီးသတ်စခန်းများမှ တပ်ဖွဲ့ဝင်များ၊အရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ မိသားစုဝင်များက စုပေါင်း၍ ဘုတ်ပြင်းမြို့၌ တည်ထားကိုးကွယ်သည့် အတုလာဓိပတိ ရွှေသာလျောင်းဘုရားအား ရေသပ္ပာယ်ခြင်း၊ ဘုရားရင်ပြင်နှင့်ပတ် ဝန်းကျင် သန့်ရှင်းရေး ပြုလုပ်ခြင်းများ စုပေါင်းကုသိုလ်ပြု ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဖြူဖြူသိန်း(ပြန်/ဆက်)