နယ်ရုံးများ၏သတင်းများ

May 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ သံတောင်ကြီးမြို့နယ်သည် တောင်ပေါ်ဒေသဖြစ်သည့်အားလျော်စွာ ဒေသအတွင်းရှိ သဘာဝပျားရည်များသည် ဆေးဖက်ဝင်ပြီး လူကြိုက်များခြင်း၊ သဘာဝပျားရည်စစ် စစ်ကို သာထုတ်လုပ်ရောင်းချသည့်အတွက် ယခုနှစ်တွင် သံတောင်ကြီးဒေသထွက် ပျားရည်များ ဈေးကောင်းရရှိကြောင်း သိရသည်။
May 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကုန်အရှေ့ပိုင်းခရိုင်၊ တာမွေမြို့နယ်အတွင်းရှိ စည်ပင်သာယာစျေးများတွင် ညအချိန်များ၌ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေး၊ မသင်္ကာဖွယ်ရာ ပစ္စည်းများမရှိစေရေးနှင့် စျေးများအတွင်း ဘေးကင်းလုံခြုံမှု ရှိစေရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် မြို့နယ်မီးသတ်ဦးစီးဌာနမှ
May 03,2022
ရန်ကုန်တိုင်းဒေသကြီး၊ တောင်ပိုင်းခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျောင်းသား/ကျောင်းသူများ ကိုယ်ကာယကျန်းမာကြံ့ခိုင်ရေးအတွက် အားကစားများကို ယနေ့နံနက်(၇)နာရီ အချိန်က ပြုလုပ်ဆောင်ရွက်ခဲ့သည်။
May 03,2022
ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဝန်ထမ်းများသည် ယမန်နေ့ နေ့လည်ပိုင်းက နမ့်ဆန်မြို့နယ် ကျေးရွာအတွင်းရှိ စံညီစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးရွာအရောက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
May 03,2022
  ၂၀၂၂ ခုနှစ် မေလ  ၂ ရက် နေ့ နေ့လည် ၁၂နာရီချိန်၌ မန္တလေး၊ ချမ်းအေးသာစံမြို့နယ်၊ ၂၈ လမ်းနှင့် ၆၈ လမ်းထောင့်ရှိ အမှတ် ၁၆ အခြေခံပညာအထက် တန်းကျောင်းတွင် ၁၃၈၄(၂၀၂၂) ခုနှစ် အစိုးရ ဓမ္မာစရိယ စာမေးပွဲ စာဖြေဌာနသို့ မန္တလေးတိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဝဏ္ဏကျော်ထင် ဦးမောင်ကို၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးကျော်ကျော်မင်းနှင့် အစိုးရအဖွဲ့ဝင် ဝန်ကြီးများရောက်ရှိပြီး စာဖြေ သံဃာတော်များနှင့် သီလရှင်ဆရာလေး များအား ဖူးမျှော်ကြည်ညို၍ လိုအပ်သည်များအား တာဝန်ရှိသူများကို လမ်းညွှန်မှာကြား ခဲ့သည်။
May 03,2022
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ရှမ်းရွာသစ်မြို့တွင် ကိုဗစ်-၁၉ရောဂါကြိုတင် ကာကွယ်ထိန်းချုပ်နိုင်စေရန်နှင့် ရောဂါကူးစက်ပြန့်ပွားမှုကို လျော့နည်းစေရန်ရည်ရွယ်၍ အသက်(၁၅)နှစ်မှ (၁၈)နှစ် ထက်ဒေသ နေပြည်သူများအား ကိုဗစ်-၁၉ရောဂါကာကွယ် ဆေးထိုးနှံပေးခြင်းလုပ်ငန်းကို ယနေ့ နံနက်(၉)နာရီအချိန် က ကွီးလေးကျေးရွာရှိ ကာကွယ်ဆေးထိုးစုရပ်နေရာတွင် ထိုးနှံပေးခဲ့ကြောင်း သိရသည်။
May 03,2022
မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာခရိုင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဝန်ထမ်းများ စွမ်းဆောင်ရည်မြှင့်တင်ရေး Auto CAD 2D+3D Modelling သင်တန်းကို ယမန်နေ့က အဆိုပါ ရုံးရှိ အစည်းအဝေးခန်းမတွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။