မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းဖွင့်လှစ်

မန္တလေး မေ ၂

မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပြည်ကြီးတံခွန်မြို့နယ် ကြက်ခြေနီသူနာပြုတပ်ဖွဲ့ တို့ပူးပေါင်း၍ အခြေခံရှေးဦးသူနာပြုစုနည်းသင်တန်းကို ယနေ့နံနက် (၁၀)နာရီတွင် မန္တလေးခရိုင်လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မန္တလေးခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက် ညွှန်ကြား ရေးမှူး ဒေါ်မြင့်မြင့်သန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းပြီး သင်တန်း နည်းပြ တပ်ဖွဲ့မှူးဦးတင်ကို‌အောင်နှင့် ဒုတပ်ဖွဲ့မှူးဒေါ်ခင်ဆွေဦးက ကြက်ခြေနီသမိုင်းကြောင်း၊ အခြေခံမူများ၊ ကြက်ခြေနီတံဆိပ်များအကြောင်း၊ အခြေခံ အသက်ကယ်အထောက်အကူပြု နည်းများအကြောင်း၊ ရှေးဦးပြုစုခြင်း၊ ဒဏ်ရာအမျိုးမျိုးပြုစုခြင်း၊ အပူလောင်ခြင်း၊ အရိုးကျိုး ခြင်း၊ အဆိပ်သင့်ခြင်း၊ မြွေကိုက်ခြင်း၊ ဆို့နင့်ခြင်း၊ သတိလစ်ခြင်း၊ ဆေးထည့်ခြင်း၊ ပတ်တီးစည်း ခြင်း၊ ဓါတ်လိုက်ခြင်း အစရှိသည့် အကြောင်းအရာများကို  ဆွေးနွေးပို့ချသည်။

သင်တန်းကို(၂)ရက်တာ ဖွင့်လှစ်မည်ဖြစ်ပြီး သင်တန်းသား၊ သင်တန်းသူစုစုပေါင်း(၁၄)ဦး တက်ရောက်ကြောင်းသိရသည်။

ခရိုင်(ပြန်/ဆက်)