ထန်းတပင်မြို့နယ်၌ ရပ်ရွာအခြေပြု အမျိုးသမီး၀တ် (အခြေခံ) အပ်ချုပ်သင်တန်းဖွင့်ပွဲ ကျင်းပ

ထန်းတပင်(ပဲခူး) မေ ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်း တို့ပူးပေါင်းကာ လူထုအခြေပြုဗဟိုဌာန( Community Centre) ခန်းမတွင်  ယနေ့နံနက် ၁ဝနာရီက ရပ်ရွာအခြေပြု အမျိုးသမီးဝတ် (အခြေခံ) အပ်ချုပ်သင်တန်း ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

အဆိုပါ ဖွင့်ပွဲအခမ်းအနား၌ မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သဇင်က အဖွင့်အမှာစကား‌ပြောကြားပြီး ခရိုင်လူမှုဝန်ထမ်းဦးစီးဌာန အိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်ကျောင်းမှ ကျောင်းအုပ်ကြီး ဒေါ်ဌေးဌေးမြင့်က သင်တန်းစည်းကမ်းများအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ အပ်ချုပ်သင်တန်းအတွက် သင်‌ထောက်ကူပစ္စည်းများအား သင်တန်းသူများထံ တာ၀န်ရှိသူများက‌ ပေးအပ်ခဲ့သည်။

အဆိုပါသင်တန်းသို့ ထန်းတပင်မြို့နယ်အတွင်းမှ သင်တန်းသူ (၂၅)ဦး တက်ရောက်ခဲ့ကြပြီး နည်းပြဆရာမ‌ ဒေါ်ခင်ကျော့မှူးမှ ခေါင်းစွပ်အပွ အင်္ကျီ၊ ရင်စေ့ရှေ့ကွဲအင်္ကျီ၊ နောက်ကွဲ ဇစ်လက်ဖောင်းအင်္ကျီ၊ ရင်ဖုံးအင်္ကျီ ၊ ထဘီ၊ စကတ် အမျိုးမျိုးတို့အား ဘာသာရပ်များအလိုက် စာတွေ့ လက်တွေ့သင်ကြားပြမှုဖြင့် အခြေခံမှသည် အဆင့်မြင့်အထိ တတ်ကျွမ်းစွာဖြင့် ချုပ်လုပ်နိုင်မည်ဖြစ်ကာ သင်တန်းကာလကို (၂-၅-၂၀၂၂)မှ (၃၁-၅-၂၀၂၂)အထိ (၁)လ ကြာမြင့်စွာ ဖွင့်လှစ်သင်​ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်( ပြန်/ဆက်)