အောင်မြေသာစံ မေ ၂
မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီး ကျက်သရေအနောက်ရပ်ကွက်၊ ရွှေကျီးမြင်ဆု တောင်းပြည့် မြတ်စွာဘုရား၌ ယနေ့နံနက်(၇) နာရီက (၇၆) နှစ်မြောက် မြန်မာနိုင်ငံ မီးသတ်တပ်ဖွဲ့နေ့အား ကြိုဆိုဂုဏ်ပြုသောအားဖြင့် သန့်ရှင်းရေးပြုလုပ်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဆောင်ရွက်မှုတွင် မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံးမှ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၊ ဒုတိယညွန်ကြားရေးမှူး ဦးဌေးဝင်း၊ မန္တလေးခရိုင် မီးသတ် ဦးစီးမှူးရုံးမှ လက်ထောက်ညွန်ကြားရေးမှူး ဦးကျော်ကိုကို၊ မန္တလေးတိုင်းဒေသကြီး မိသားစု စည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဋ္ဌ ဒေါ်သစ်သစ်လှိုင်၊ မန္တလေးခရိုင် မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဋ္ဌ ဒေါ်ဆုစန္ဒာလင်းနှင့် ကော်မတီဝင်များ၊ မန္တလေးခရိုင်အတွင်းရှိ မြို့နယ်မီးသတ် ဦးစီးအရာရှိများ၊ မြို့နယ် မိသားစု စည်းရုံး ရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဋ္ဌနှင့် ကော်မတီဝင်များ၊ အရန်မီးသတ် တပ်ဖွဲ့ဝင်များ စုပေါင်း၍ ရွှေကျီးမြင်ဆုတောင်းပြည့်မြတ်စွာ ဘုရား၌ ရေသပ္ပာယ်ခြင်း၊ စေတီ ရင်ပြင်တော် အား စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)