May 03,2022
ကရင်ပြည်နယ် ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ် ဒေါ်ခင်ဆွေထွန်းနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များလိုက်ပါ၍ ဘားအံတက္ကသိုလ်ရှိ အတန်းအားလုံးနှင့် ၂၀၂၀ ပြည့်နှစ် တက္ကသိုလ်ဝင်တန်း အောင်မြင်သူများ ပထမနှစ်သင်တန်းတက်ရောက်နိုင်ရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားမှု အခြေအနေများကို ယမန်နေ့ နံနက်ပိုင်းက သွားရောက် ကြည့်ရှု စစ်ဆေးခဲ့သည်။