နမ္မတူမြို့နယ် ကျောင်းသားကျောင်းသူလေးများ အသိပညာဗဟုသုတတိုးပွားစေရေး Online မှ တစ်ဆင့် မြန်မာစကားပုံများ တင်ဆက်ပေး

နမ္မတူ မေ ၂

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နမ္မတူမြို့နယ်ရုံးရှိ ပြည်သူ့စာကြည့်တိုက်တွင် ကျောင်းသား/ကျောင်းသူလေးများ အသိပညာဗဟုသုတ တိုးပွားစေရေး Online မှတစ်ဆင့် အသိပညာပေး အစီအစဉ်များအား စဉ်ဆက်မပြတ် တင်ဆက်ပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့တင်ဆက်ပေးလျက်ရှိရာ ယနေ့တွင် ဒေါ်ချစ်ချစ်ပိုင် ဒုတိယဦးစီးမှူးမှ ကျောင်းသား/ကျောင်းသူ လူငယ်/လူရွယ်လေးများ အားလပ်ချိန်တွင် အချိန်ကို အကျိုးရှိစွာအသုံးချတတ်ဖို့၊ စိတ်အပန်းပြေပြီး ဉာဏ်ရည်ဉာဏ်သွေးထက်မြတ်ကာ၊ မြန်မာစကားပုံများအား သိရှိစေဖို့အတွက် ဇာတ်ညွန်း ဒီဇင်ဘာမွန်း၊ သရုပ်ဖော်ဝိုင်းမော်၏ “ကလေးတို့အတွက် မြန်မာစကာပုံများ” စာအုပ်ပါ မြန်မာစကားပုံများ ပြောပြခြင်းအစီအစဉ်အား ရိုက်ကူး၍ နမ္မတူမြို့နယ် ပြည်သူ့စာကြည့်တိုက် (Page)တွင် ထုတ်လွှင့်တင်ဆက်ခဲ့ကြောင်း သိရသည်။

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ နမ္မတူမြို့နယ်ရုံးအနေဖြင့် ကျောင်းနေအရွယ် ကလေးငယ်များ အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စိတ်အပန်းပြေစေရန်၊ အကျင့်စာရိတ္တများပိုမိုကောင်းမွန်လာစေရန်၊ တီထွင်ကြံဆမှုများ မြင့်မားလာစေရန်၊ ပြည်သူ့စာကြည့်တိုက်နှင့် ရင်းနှီးပြီး စာအုပ်စာပေကောင်းများ လေ့လာရှာမှီးမှတ်သားတတ်စေရန်နှင့် ပြင်ပဗဟုသုတများ တိုးပွားလာစေရန်ရည်ရွယ်၍ ပုံပြင်ပြောခြင်း၊ ကဗျာရွတ်ခြင်း၊ စက္ကူခေါက်ခြင်း၊ စာအုပ်မိတ်ဆက်ခြင်း၊ မြန်မာစကားထာ၊ စကားပုံများရွတ်ဖတ်ခြင်းနှင့် အခြားသိသင့်သိထိုက်သည့် ဗဟုသုတရရှိစေမည့် အကြောင်းအရာများအား ရိုက်ကူးထုတ်လွှင့် တင်ဆက်ပေးခြင်းဖြစ်ကြောင်း မြို့နယ်ဦးစီးမှူး ဒေါ်စိုးစန္ဒာဝိုင်းထံက သိရသည်။

လူမော် (ပြန်/ဆက်)