ပဲခူးတိုင်းဒေသကြီး(အနောက်) မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများ စီစီမံခန်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြည်မြို့၌ ကျင်းပပြုလုပ်

ပြည် မေ ၂

ပဲခူးတိုင်းဒေသကြီး(အနောက်) မြို့နယ်ပညာရေးမှူးများ၊ အထက်တန်းကျောင်းအုပ်ကြီးများ စီမံခန့်ခွဲမှု စွမ်းဆောင်ရည် မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲပြည်မြို့ အ.ထ.က(၁) သုံးတပ်ဆောင် သီရိရတနာခန်းမ၌ ယနေ့ နံနက် ၈နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။

အခမ်းအနားတွင် ရှေးဦးစွာ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်ကအဖွင့်အမှာ စကားပြောကြားပြီး၊ ပဲခူးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး ပြည်မြို(ရုံးခွဲ)မှ တိုင်းပညာရေးမှူး တာဝန်ခံဆရာမကြီး ဒေါ်စန်းစန်းဝင်းက စီမံခန့်ခွဲမှု စွမ်းဆောင်ရည်မြင့်မားရေး အလုပ်ရုံဆွေးနွေးပွဲကျင်းရခြင်းနှင့် ပတ်သတ်၍ရှင်းလင်း ပြောကြားသည်။

အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ပဲခူးတိုင်းဒေသကြီး၊ ပညာရေးမှူးရုံး၊ ပြည်မြို့(ရုံးခွဲ)မှ တိုင်ပညာရေးမှူး တာဝန်ခံ ဆရာမကြီး ဒေါ်စန်းစန်းဝင်း၊ သာယာဝတီခရိုင် ပညာရေးမှူးရုံးမှ ဒေါက်တာဒေါ်စုစုလှိုင်၊ ပြည်ခရိုင်ပညာရေးမှူးရုံးမှ ဦးစန်းလွင်(AD)စီမံဘဏ္ဍာတို့က ဦးဆောင်၍ စီမံ၊ ဘဏ္ဍာ၊ ပညာ၊ ကြီးကြပ်အကဲဖြတ်၊ စာရင်းအင်းမူဝါဒ ပညာရပ်များကို ဦးဆောင်သင်ကြားပို့ချ ဆွေးနွေးသွားမှာဖြစ်ပြီး၊ အလုပ်ရုံဆွေးနွေးပွဲသို့ ပြည်ခရိုင်နှင့် သာယာဝတီခရိုင် (၁၄) မြို့နယ်တို့မှ မြို့နယ်ပညာရေးမှူးများနှင့် အထက်တန်းကျောင်းအုပ်ကြီး​များ(၇၀)ဦး တက်ရောက်ကြပြီး (မေလ ၂ ရက်နေ့မှ မေလ ၃ ရက်နေ့ထိ) ၂ ရက်ကြာမြင့် မည်ဖြစ်ကြောင်း သိရသည်။

ကိုစိုးပြန်၊ဆက်