အမြို့မြို့အနယ်နယ်သတင်းများ

Aug 14,2023
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့ပေါ်ရပ်ကွက်များရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများကို ယနေ့နံနက်ပိုင်းက ကျန်းမာရေးဌာနမှဝန်ထမ်းများက ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး ထပ်ဆောင်းထိုးနှံပေးလျက်ရှိသည်။
Aug 14,2023
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၊ ကမာမတ်စံပြကျေးရွာရှိ အထက်တန်းကျောင်းခန်းမတွင် ကျောင်းသား၊ ကျောင်းသူများအား ယာဉ်အန္တရာယ် ကင်းဝေးစေ‌ရေး ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၁ နာရီက ကွင်းဆင်းဆောင်ရွက်ခဲ့ကြ‌ကြောင်း သိရသည်။
Aug 14,2023
ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်တိုင်းရင်းဆေးပညာဦးစီးဌာနမှတို့မှတာဝန်ရှိသူများသည် ယနေ့နံနက် ၉ နာရီအချိန်တွင် အမှတ်(၃) စျေးရပ်ကွက် ဇာဒီမော်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ဒေသခံပြည်သူများတွေ့ဆုံ၍ ကျေးလက်နေ ပြည် သူများအားအသိပညာဗဟု သုတရရှိရေးအတွက် အသိပညာပေးဟောပြောပွဲနှင့် တိုင်းရင်းဆေးဖြင့် (အခမဲ့) ကျန်းမာရေးစောင့်ရှောက်ပေးမှုလုပ်ငန်းများကိုဆောင်ရွက်ခဲ့သည်။
Aug 14,2023
“ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့တွင် ဩဂုတ်လ ၁၁ ရက်နေ့က နမ့်ဆွမ်ချောင်းရေကြီးမှုကြောင့် ရေဝင်ရောက်ခဲ့သည့် အိမ်ထောင်စုများအား ထောက်ပံ့ပေးအပ်ပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပြုလုပ်ခဲ့သည်။
Aug 14,2023
ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင် မီးသတ်ဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သည့် ခရိုင် အဆင့်ရှာဖွေကယ်ဆယ်ရေးသင်တန်း အမှတ်စဉ် (၁/၂၀၂၃)ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက ခရိုင် မီးသတ်ဦးစီးမှူးရုံးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Aug 14,2023
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်တွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ထောက်ပံ့သော မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး ဓါတ်မြေဩဇာထောက်ပံ့ပေးအပ်ပွဲနှင့် ဓါတ်မြေဩဇာစုပေါင်းကြဲပက် ကွင်းသရုပ်ပြပွဲကို ရှမ်းပြည်နယ်စိုက်ပျိုးရေးဦးစီဌာနမှ တာဝန်ရှိသူများနှင့် မိုင်းရယ်မြို့နယ် တာဝန်ရှိသူများက ယမန်နေ့ နံနက်ပိုင်းတွင် ကျေးရွာများရှိ စိုက်ပျိုးရေးမြေပြင်များအရောက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။
Aug 14,2023
ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့၌ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးဥပဒေအကြောင်း အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်(၉)နာရီက ပုဏ္ဏားကျွန်းမြို့၊ အလယ်စုရပ်ကွက်၊ အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပပြုလုပ်ခဲ့သည်။
Aug 14,2023
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စက်မှုလယ်ယာဦးစီးဌာနမှ အမှတ်စဉ်(၁/၂၀၂၃) ရိတ်သိမ်းခြွေလှေ့စက် မောင်းနှင်ထိန်းသိမ်းမှု (အခြေခံ) သင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၃၃)စက်မှုလယ်ယာစခန်း၌ ကျင်းပပြုလုပ်သည်။