အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကိုသည် တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက မြိတ်မြို့နယ်၊ စန္ဒဝတ် ကျေးရွာအုပ်စု၊ ကျွဲကူးကျေးရွာရှိ တောင်သူ ဦးချမ်းအေးလယ်တွင် ကျင်းပသည့် စပါးသီးနှံ၌ ကျရောက်သော ဖျက်ပိုးအန္တရာယ် ကာကွယ်နှိမ်နင်းရေး ကွင်းသရုပ်ပြပွဲ၊ နွေစပါးနှင့် ဆောင်းသီးနှံစိုက် အကျိုးဆောင်တောင်သူများအတွက် မြန်မာ့ရေနံနှင့် ဓါတုဗေဒလုပ်ငန်းမှ ထုတ်လုပ်သည့် ယူရီးယားဓာတ်မြေဩဇာနှင့် သဘာဝမြေဩဇာများ ထောက်ပံ့ပေးအပ်ပွဲသို့ တက်ရောက်ခဲ့ကြသည်။
Feb 16,2024
မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ဒေသခံပြည်သူများ စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသောပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှု မရှိစေရေးအတွက် ယမန်နေ့နံနက် ၉ နာရီက ပူးပေါင်းစစ်ဆေးရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးသည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ်ဖြစ်ပေါ်ခြင်းမှ ကင်းဝေးပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းသာစွာ စာမေးပွဲများ ဖြေဆိုနိုင်စေရန် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်မီးသတ် ဦးစီးဌာနတို့ ပူးပေါင်း၍ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှု အခြေအနေများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့သည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ စတင်ဖြေဆို လျက်ရှိရာ ယနေ့တွင်လည်း ဆက်လက် ဖြေဆိုလျက်ရှိသည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ပဲတီစိမ်းကို တိုးချဲ့စိုက်ပျိုးထုတ်လုပ်လျက်ရှိကြောင်းနှင့် တောင်သူများအနေဖြင့် စျေးကောင်းရရှိရန်လည်း မျှော်လင့်စောင့်စားနေကြကြောင်း သိရသည်။