၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ကူမဲမြို့အဝင် ဘီးကောက်လိုင်စင်အား စျေးပြိုင်စနစ်ဖြင့် အိတ်ဖွင့်လေလံရောင်းချ‌ပေး

မြစ်သား ဖေဖော်ဝါရီ ၁၅

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်အတွက် အခြားအခွင့်အရေးလိုင်စင် (ကူမဲမြို့အဝင်ဘီးကောက်လိုင်စင်) အား ယမန်နေ့ နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံး၌ စျေးပြိုင်စနစ်ဖြင့် (ပထမအကြိမ်) အိတ်ဖွင့်လေလံ ရောင်းချပေးခဲ့ကြောင်း သိရသည်။

၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် အတွက် ကူမဲမြို့အဝင်ဘီးကောက်လိုင်စင်လုပ်ငန်းအား စျေးပြိုင်စနစ်ဖြင့် (ပထမအကြိမ်) အိတ်ဖွင့်လေလံရောင်းချရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးခိုင်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ ရဲမှူး ဌေးဝင်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့ရုံးမှ အမှုဆောင်အရာရှိ ဦးစိုး‌အောင်၊ မြို့နယ်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါက်တာဇာနည်ဇော်နှင့် လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြပြီး (ကူမဲမြို့အဝင်ဘီးအခွန်ကောက်လိုင်စင်) လုပ်ငန်းအတွက် အိတ်ဖွင့်လေလံကြေး (၂၈၁.၀၂၀)သန်း ရရှိခဲ့ကြောင်း မြစ်သားမြို့နယ် စည်ပင်သာယာရေးအဖွဲ့ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။

မြို့နယ်(ပြန်/ဆက်)