မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံထမ်းဆောင်လျက်ရှိသော လုံခြုံရေးတပ်ဖွဲ့ဝင်များအတွက် စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်ခြင်း အခမ်းအနားသို့ တက်ရောက်

ချမ်းအေးသာစံ  ဖေဖော်ဝါရီ ၁၅

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသောလုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လျက်ရှိပြီး မန္တလေးတိုင်းဒေသကြီးအတွင်းရှိ စေတနာရှင် အလှူရှင်ပြည်သူများလှူဒါန်းသည့် စားသောက်ဖွယ်ရာများအား ပေးအပ်ခြင်း အခမ်းအနားများကို ယမန်နေ့ မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးရှိ အလယ်ပိုင်းတိုင်း စစ်ဌာနချုပ်နှင့်  တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးရုံးတို့တွင်ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများ တက်ရောက်ကြ သည်။

ဦးစွာ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ရှိ ရန်ကြီးအောင်ဧည့်ခန်းမသို့ ရောက်ရှိပြီး တိုင်းဒေသကြီး ဝန်ကြီးချုပ်က စေတနာရှင်အလှူရှင်ပြည်သူများမှ လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို ဂုဏ်ပြုပေးအပ်ရခြင်းရည်ရွယ်ချက်များကို ပြောကြားပြီး  တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတနာရှင်အလှူရှင် ပြည်သူများပေးအပ်လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် မန္တလေးတပ်နယ်မှူး ဗိုလ်မှူးချုပ်သိန်းထွန်းတင်ထံသို့ ဂုဏ်ပြုပေးအပ်ရာ တပ်နယ်မှူးကလက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

၎င်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် အဖွဲ့သည်တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရုံးရှိရဲသူရိန်ခန်းမသို့ ရောက်ရှိပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတနာရှင်အလှူရှင် ပြည်သူများလှူဒါန်းသည့် စားသောက် ဖွယ်ရာများအား ဂုဏ်ပြုပေးအပ်ရခြင်းရည်ရွယ် ချက်များကိုပြောကြားပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က စေတနာရှင်အလှူရှင်ပြည်သူများ ပေးအပ်လှူဒါန်းသည့် စားသောက်ဖွယ်ရာများကို တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးချုပ်စိန်လွင်ထံသို့ ဂုဏ်ပြုပေးအပ်ရာ တိုင်းဒေသကြီးရဲတပ်ဖွဲ့မှူးက လက်ခံ၍ ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်ကာ ကျေးဇူးတင်စကားပြောကြားခဲ့သည်။

နိုင်ငံတော်လုံခြုံရေးနှင့် ကာကွယ်ရေးတာဝန်များကို စွမ်းစွမ်းတမံ ထမ်းဆောင်လျက်ရှိသောလုံခြုံရေး တပ်ဖွဲ့ဝင်များအတွက် စေတနာရှင်အလှူရှင်များက စားသောက်ဖွယ်ရာများ ဂုဏ်ပြုပေးအပ်လျက်ရှိရာ မန္တလေးတိုင်းဒေသကြီးတွင် ယနေ့ဂုဏ်ပြုပေးအပ်မှုတွင် စုစုပေါင်းငွေကျပ်သိန်း(၂၀၀)တန်ဖိုးရှိ စားသောက်ဖွယ်ရာများနှင့်စိတ်ဓာတ် ခွန်အားပြည့်စေသည့် စာပေစကားလက်ဆောင်များပါဝင်ကြောင်း၊ စေတနာရှင်အလှူရှင်များမှ လှူဒါန်းမှုများကို တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးနှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့များမှ လက်ခံပေးလျက်ရှိပြီး ဂုဏ်ပြုပေးအပ်ခြင်းများကို စဉ်ဆက်မပြတ်ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်