လယ်ဝေးမြိုနယ်အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများသို့ မီးဘေးကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

လယ်​ဝေး ဖေဖော်ဝါရီ ၁၅

ပြည်ထောင်စုနယ်မြေ၊ လယ်ဝေးမြိုနယ် မီးသတ်ဦးစီးဌာနအနေဖြင့် ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဆောင်ရွက်လျက်ရှိသည်။                   

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးဝင်းကျော်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်အုပ်ချုပ်​ရေးမှူးတို့ ပါဝင်သောအဖွဲ့သည် အမှတ် (၇) ရပ်ကွက်အတွင်း မီးဘေးကြိုတင်ကွယ်ရေးစစ်ဆေးအကြံပေးခြင်း၊ အရေးပေါ်မီးသတ်တယ်လီဖုန်းနံပါတ်များ ဖြန့်ဝေပေးခြင်း၊ မီးဖိုအသုံးပြုသည့် နေအိမ်များနှင့်  အခြားမီးသုံးစွဲသည့် နေအိမ်များအား မီးများစနစ်တကျသုံးစွဲရန်နှင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ထားရှိရန် လိုအပ်ချက်များအား လိုက်လံစစ်ဆေး၍ မီးမလောင်ခင်ဆောင်ရွက်ရမည့် နည်းလမ်းများ၊ မီးလောင်လျှင် ဆောင်ရွက်ရမည့်နည်းလမ်းများနှင့် မီးလောင်ပြီးဆောင်ရွက်ရမည့် နည်းလမ်းများကို ရပ်ကွက်အတွင်း လှည့်လည်အသိပညာပေးခြင်းများ ဆောင်ရွက်ခဲ့သည်။

လယ်ဝေးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ဇန်နဝါရီလ ၂၂ ရက်နေ့မှစတင်၍ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများတွင် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ဝေကြည်(ပြန်/ဆက်)