စဉ့်ကိုင် ဖေဖော်ဝါရီ ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအုပ်စု၊ ကျောက်ဆည်တက္ကသိုလ်၌ မူးယစ်ဆေးဝါးအန္တရယ် တားဆီးကာကွယ်ရေးနှင့် မှုခင်းကျဆင်းရေး ဆိုင်ရာ အသိပညာပေး ဟောပြောပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၂:၀၀ နာရီအချိန်က အဆိုပါ တက္ကသိုလ်ရှိ THEATRE ခန်းမ၌ ကျင်းပရာ ကျောက်ဆည်ခရိုင် ရဲတပ်ဖွဲ့မှူး ဒုရဲမှူးကြီး ရွှေဦး၊ စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်၊ အတွင်းရေးမှူး မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်၊ အမှတ် (၁၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် စောနိုင်ထွေး၊ ကျောက်ဆည်တက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ ရီရီဦးနှင့် ဒုတိယပါမောက္ခများ၊ပါမောက္ခများ၊ မော်ကွန်းထိန်းများ၊ကထိကဌာနမှူးများ၊ နေ့သင်တန်းသား/သူများ စုစုပေါင်းလူဦးရေ (၃၅၀) ဦးခန့် တက်ရောက်ကြကြောင်း သိရသည်။
ရှေးဦးစွာ အခမ်းအနားတွင် စဉ့်ကိုင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်မှ အဖွင့်အမှာစကား ပြောကြားခဲ့ပြီး အမှတ်(၁၈) မူးယစ်တပ်ဖွဲ့စုမှ ရဲအုပ် စောနိုင်ထွေးက မူးယစ်ဆေးဝါးနှင့် စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေးနှင့် ဥပဒေပိုင်းဆိုင်ရာ အကြောင်းအရာများကို ရှင်းလင်းဆွေးနွေးခဲ့သည်။
ဆက်လက်၍ စဉ့်ကိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးသိန်းလွင်မှ မှုခင်းကျဆင်းရေးဆိုင်ရာများ အကြောင်းအရာများအား အသိပညာပေး ဟောပြောခဲ့ကြသည်။ ထို့နောက် ကျောက်ဆည်တက္ကသိုလ် မိသားစုမှ အသိပညာပေး ဟောပြောခဲ့သူများကို အမှတ်တရ လက်ဆောင်များ ပြန်လည်ပေးအပ်ခဲ့ပြီး စုပေါင်းအမှတ်တရ မှတ်တမ်းဓာတ်ပုံများ ရိုက်ကူးခဲ့ကြောင်းသိရှိရသည်။အခမ်းအနားအပြီးတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ ရဲတပ်ဖွဲ့ဝင်များက တက်ရောက်လာကြသော သင်တန်းသား/သူများအား မူးယစ်ဆေးဝါးအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး လက်ကမ်းစာစောင်များကို အခမဲ့ ဖြန်ဝေပေးခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်)