အထက်မင်းလှ ဖေဖော်ဝါရီ ၁၆
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၉) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်က လုံခြုံရေးဂရုပြုဆောင်ရွက်ကြရန်၊ ၂၀၂၄ခုနှစ် လူဦးရေနှင့် အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူ ရာတွင် ပူးပေါင်းဆောင်ရွက်ရန်၊ နွေစပါး၊ နွေနှမ်းစိုက်ပျိုးရန်၊ နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းရန်ပုံငွေဖြင့် ချေးငွေများ ထုတ်ချေးပြီး စိုက်ပျိုးရေးမွေးမြူရေးနှင့် စိုက်ပျိုးရေရရှိရေး ဆောင်ရွက်နေမှုများ၊ ဆီထွက်သီးနှံ နေကြာစိုက်ပျိုးရေး၊ မြို့နယ်ပြည်သူ့ ကျန်းမာရေးဦးစီးဌာနမှ ကျေးရွာများအရောက် ကွင်းဆင်း၍ ကျန်းမာရေးစစ်ဆေးပေးပြီး ဆေးကုသပေးနေမှုများ၊ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမည့် ကျောင်းသား၊ ကျောင်းသူများ၊ မင်းလှအခြေခံပညာအထက်တန်းကျောင်းစာဖြေဌာန၌ ဖြေဆိုရန်အတွက် နေထိုင်ရေး ၊လျှပ်စစ်မီးရရှိရေး၊ ရေရရှိရေးဆောင်ရွက်ရန် ကိစ္စရပ်များ၊ ပွင့်လင်းရာသီရောက်ရှိပြီဖြစ်၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်ရန် ၊တောမီးရှို့ခြင်းမပြုလုပ်ရန်၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များ၊ ရှင်အပါး ၅၀၀၀ ရှင်ပြုအလှူပွဲဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။ဆက်လက်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များက လုံခြုံရေးနှင့်ပတ်သက်၍ ဆောင်ရွက်မည့်ကိစ္စရပ်များ ၊၂၀၂၄ခုနှစ်လူဦးရေနှင့်အိမ်အကြောင်းအရာသန်းခေါင်စာရင်း ကောက်ယူမှု၊ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ဆောင်ရွက်ပေးနေမှုများ၊ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးပြောကြားခဲ့သည်။
ထို့နောက်အစည်းအဝေးတက်ရောက်လာသည့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ စာရေးဝန်ထမ်းများက လုံခြုံရေးဆောင်ရွက်မည့်ကိစ္စရပ်များ၊ စိုက်ပျိုးရေး၊ ပညာရေး၊ ကျန်းမာရေး၊ လမ်းပန်းဆက်သွယ်ရေး၊ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းဆောင်ရွက်နေမှုများ၊ ရှင်အပါး၅၀၀၀ရှင်ပြုပွဲဆိုင်ရာကိစ္စရပ်များအား ဆွေးနွေးခဲ့ကြရာ ဆွေးနွေးချက်များအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များအား ဖြည့်စွက်ဆွေးနွေး ပြောကြားခဲ့ကြောင်း သိရသည်။
ဇာဇာ(အထက်မင်းလှ)