စဉ့်ကူး ဖေဖော်ဝါရီ ၁၆
မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများနှင့် စဉ့်ကူးမြို့အခြေခံပညာအထက်တန်းကျောင်းတို့တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ်အတွက် နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲများကို ဖေဖော်ဝါရီလ (၁၃) ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့တွင်လည်း ဆက်လက်ဖြေဆိုလျက်ရှိသည်။
စဉ့်ကူးမြို့ အခြေခံပညာအထက်တန်းကျောင်း နှစ်ဆုံးကျောင်းတွင်းစစ် စာမေးပွဲတွင် KG တန်းမှ Grade-12 အထိ ကျောင်းသား (၄၃၇) ဦးနှင့် ကျောင်းသူ (၄၇၆) ဦး၊ စုစုပေါင်း (၉၁၃) ဦး ဝင်ရောက်ဖြေဆိုလျက်ရှိရာ ဖြေဆိုသူ ကျောင်းသားကျောင်းသူများနှင့် ကြီးကြပ်ဆရာဆရာမ များအား မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်က သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရပြီး ကျောင်းသားကျောင်းသူများ စိတ်အေးချမ်းစွာ စာမေးပွဲဖြေဆိုလျက်ရှိကြောင်း သိရသည်။
တင်ဇာလွင် (ပြန်/ဆက်)