ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ငါန်းဇွန်  ဖေဖော်ဝါရီ  ၁၅

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင် ငါန်းဇွန်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့နေ့လယ် ၂ နာရီအချိန်က မိသားစုစည်းရုံးရေးနှင့် စည်းကမ်းထိန်းသိမ်းရေးကော်မတီ၏ အသိပညာပေးဆွေးနွေးပွဲ ကျင်းပပြုလုပ်ခဲ့သည်။

အသိပညာပေးဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ငါန်းဇွန်မြို့နယ်ရုံးမှ ဦးစီးအရာရှိ ဒေါ်နေခြည်ဦးက “ကောလဟလအန္တရာယ် ဤသို့စုပေါင်းကာကွယ်” ခေါင်းစဉ်ဖြင့်ဆွေးနွေရာ မိမိတို့အနေဖြင့် သတင်းတု၊ သတင်းမှား တိုက်ဖျက်ရေးနှင့် ပြည်သူလူထုထံ သတင်းမှန်များ မှန်ကန်စွာ စီးဆင်းနိုင်ရေးအတွက် နိုင်ငံချစ်စိတ်ဖြင့် နည်းလမ်းပေါင်းစုံ ကာကွယ်တားဆီးကြရ မည်ဖြစ်ကြောင်း၊ အထူးသဖြင့် အနာဂတ်တွင် နိုင်ငံတော်တာဝန်ကို လွှဲပြောင်းရယူကြမည့် လူငယ်လူရွယ်များ အသိအမြင် မမှားစေရန် ကာကွယ်စောင့်ရှောက်ပေးကြရမည်ဖြစ်ကြောင်း၊ စဉ်းစား ချင့်ချိန်သုံးသပ်နိုင်စွမ်းရှိသည့် ဉာဏ်အမြော်အမြင် စွမ်းရည်များ တိုးပွားလာစေရန် ဆောင်ရွက်ပေးကြရမည်ဖြစ်ကြောင်း၊ အပြုနှင့်အဖျက်၊ ကောင်းကျိုး၊ ဆိုးကွက်များကို ခွဲခြားရှုမြင့်နိုင်စွမ်းရှိအောင် ပြုလုပ်ပေးကြရမည်ဖြစ်ပါကြောင်းကို ရှင်းလင်း ဆွေးနွေးခဲ့ကြောင်း သိရသည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဉက္က ဒေါ်မြင့်မြင့်ခိုင်နှင့် အဖွဲ့ဝင်များ၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများနှင့် မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ ဝန်ထမ်းများ တက်ရောက်ခဲ့ကြောင်း သိရသည်။

သက်နောင်ဦး(ငါန်းဇွန်)