အမြို့မြို့အနယ်နယ်သတင်းများ

Feb 16,2024
ကရင်ပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများလိုက်ပါ၍ ယမန်နေ့ နံနက်ပိုင်းက လှိုင်းဘွဲမြို့နယ်နှင့် ဖာပွန်မြို့နယ်၊ ကမမောင်းမြို့ရှိ ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
Feb 16,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်နိုင်လင်းနှင့် တပ်ဖွဲ့ဝင်များသည်၊ ဘုန်းတော်ကြီးကျောင်းများနှင့် စာသင်တိုက်များ မီးဘေးကြိုတင်ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်းနှင့် အရေးပေါ်မီးငြှိမ်းသတ်နည်း သင်ကြားပြသခြင်းများကို ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့မွန်းလွဲ ၂ နာရီအချိန်က ပြည်တော်သာရပ်ကွက်ရှိ စိန်ရတနာ စာသင်တိုက်သို့သွားရောက်၍ မီးသတ်ဆေးဘူး လှူဒါန်းခြင်း၊ အသုံးပြုနည်း ပြသခြင်းနှင့် မီးဘေးကြိုတင် ကာကွယ်ရေး စစ်ဆေးအကြံပေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းခုတ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနသည် ကျောင်းသား၊ ကျောင်းသူများ ဉာဏ်ရည်၊ ဉာဏ်သွေးထက်မြက်စေရန် ကာယ၊ ဉာဏစွမ်းရည်ပြိုင်ပွဲများကို စဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယမန်နေ့ ညနေ့ ၃ နာရီခွဲအချိန်က အဆိုပါရုံးရှိ ကလေးစာဖတ်ခန်း၌ ဆေးရောင်ခြယ်ပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဝေါဟာရ ကြွယ်ဝစေရန်၊ တီထွင်ကြံဆမှု စွမ်းရည်များ ဖွံ့ဖြိုးစေရန်၊သင်္ချာကျွမ်းကျင်မှုရှိစေရန် ရည်ရွယ်၍ အလယ်တန်းအဆင့် အင်္ဂလိပ်စာစွမ်းရည်ပြိုင်ပွဲကို ယမန်နေ့ နေ့လယ် ၁ နာရီက သာယာဝတီခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်သည်။
Feb 16,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် မြစိမ်းရောင်ကျေးရွာစီမံကိန်းကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် ကျေးရွာမျာအား Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကိုဆောင်ရွက်ပေးလျက်ရှိပြီး ဖေဖော်ဝါရီလ(၁၅)ရက်နေ့က ဘူးသနွတ်ကျေးရွာအုပ်စု၊ ရခိုင်စုကျေးရွာတွင်  Mobile Financial Payment အသုံးပြု၍ ချေးငွေထုတ်ယူခြင်းအစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
Feb 16,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် ပြည်သူများအနေဖြင့် စားသောက်ကုန်ပစ္စည်းများ ဝယ်ယူစားသုံးရာတွင် အစားအစာ ဘေးကင်းလုံခြုံစေရန်နှင့် FDA မှ စားသုံးရန်မသင့်သည့် တားမြစ်ထားသော စားသောက်ကုန်ပစ္စည်းများနှင့် လူသုံးကုန်ပစ္စည်းများ ဖြန့်ဖြူးရောင်းချမှုမရှိစေရေးအတွက် ယမန်နေ့တွင် တာဝန်ရှိသူများက စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းအရောင်းဆိုင်များ၌ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။
Feb 16,2024
ကချင်ပြည်နယ် ၊ မိုးမောက်မြို့နယ် နိုင်ငံစီးပွားမြင့်တင်ရေး ရန်ပုံငွေမှ မတည်ထောက်ပံ့ငွေဖြင့် မံပုံကျေးရွာအုပ်စု ၊ ကြံခင်းကျေးရွာ ပိတောက်ရိပ် စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းရှိ အသင်းသား တောင်သူများ၏ ဆောင်းသီးနှံသီးထပ်အဖြစ် မြေပဲစိုက်ပျိုးထားရှိမှု အခြေအနေအား မြို့နယ်သမဝါယမဦးစီးဌာန ဦးစီးမှူးနှင့် တာဝန်ရှိသူများက ယမန်နေ့ နံနက်(၁၀)နာရီတွင် ကွင်းဆင်း ကြည့်ရှုခဲ့ပါသည်။
Feb 16,2024
ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်းမြို့၊ အုန်းနှဲရိုးကျေးရွာတွင် ဘုရားပန်းများဖြစ်သည့် မေမြို့ပန်း၊ ကြယ်ပန်းများစိုက်ပျိုးသည့်အပြင် ဂန္ဓာမာပန်းများလည်းစိုက်ပျိုးရောင်းချခြင်းဖြင့် မိသားစုစားဝတ်နေရေး အဆင်ပြေလျက်ရှိကြောင်း သိရသည်။