သရက်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ်ဘဏ်ထုတ်ရက်များတွင် ဆီးချို၊ သွေးချို စစ်ဆေးခြင်းများ ဆောင်ရွက်ပေး

သရက် ဖေဖော်ဝါရီ ၂၀

မကွေးတိုင်းဒေသကြီး သရက်မြို့၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား လစဉ်ဘဏ်ထုတ်ရက်များတွင် ဆီးချိုသွေးချို စစ်ဆေးပေးခြင်းများကို ယနေ့နံနက်(၉)နာရီမှ (၁၁)နာရီထိ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါလုပ်ငန်းများ ဆောင်ရွက်ရာတွင် ကျန်းမာရေးဝန်ထမ်းများက ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစား ပင်စင်စားများအား သွေးပေါင်ချိန်တိုင်းတာပေးခြင်း၊ ဆီချို၊ သွေးချိုစစ်ဆေးပေးခြင်း၊ သွေးတိုးရောဂါရှိ/မရှိ စစ်ဆေးပေးခြင်းနှင့် ကျန်းမာရေးအသိပညာပေးခြင်း၊ မကူးစက်သောရောဂါများနှင့်ပတ်သက်၍ လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ပြီး လိုအပ်သောဆေးဝါးများ အခမဲ့ထောက်ပံ့ပေးပြီး ဇန်နဝါရီ (၂၂)ရက်နေ့က(၅၇)ဦးအား စစ်ဆေးပေးခဲ့ကာ ကျန်းမာရေးစောင့်ရှောက်ရန် လိုအပ်သည့် အငြိမ်းစားဝန်ထမ်းများအား လစဉ်အပတ်စဉ်တိုင်းကုသမှုပေးနေသည့် ဗုဒ္ဓဟူးနေ့များတွင် လာရောက်ကုသကြရန် ပြောကြားပေးခဲ့ကာ ယနေ့ဇန်နဝါရီလ (၂၃)ရက်နေ့တွင်လည်း အလားတူ ဆက်လက်ဆောင်ရွက်စစ်ဆေးပေးခဲ့ကြောင်း သိရသည်။

ဇော်ထက်(သရက်)