ထန်ပါခွေ ဖေဖော်ဝါရီ ၂၀
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ထန်ပါခွေမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ လဟယ်မြို့နယ်ဦးစီးမှူးရုံးမှ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူခြင်းကို ဖေဖော်ဝါရီလ (၁၈)ရက်နေ့ နံနက်ပိုင်းမှ စတင်ကာ ကွင်းဆင်းဆောင်ရွက် ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ လူဦးရေနှင့် အိမ်အကြောင်းအရာ သန်ခေါင်စာရင်းကောက်ယူခြင်းကို ထန်ပါခွေမြို့၊ မြို့ပေါ်ရပ်ကွက်ရှိ အိမ်ခြေ (၁၄၀)၊ အိမ်ထောင်စု (၁၅၄)စု၊ လူဦးရေ (၁၀၂၁)ဦးတို့အား နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စုလူဦးရေစာရင်း လှဲလှယ်ပေးခြင်းနှင့် အသစ်ပြန်လည် ပြုလုပ်ပေးခြင်းကို လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လဟယ်မြို့နယ်ဦးစီးမှူး ဦးဇော်သူရနှင့် ဝန်ထမ်းများက ပြုလုပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အလန် (ပြန်/ ဆက်)