ငါးသိုင်းချောင်းမြို့ မြက်တိုကျေးရွာတွင် မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်

ငါးသိုင်းချောင်း ဖေဖော်ဝါရီ ၂၀

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့အတွင်း ပွင့်လင်းရာသီတွင်မီးလောင်မှု၊ မီးလန့်မှုများ မဖြစ်ပွားစေရေးအတွက် တစ်အိမ်တက်ဆင်း ကွင်းဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီ၌ မြက်တိုကျေးရွာတွင်စစ်ဆေးဆောင်ရွက်ခဲ့ကြသည်။

ထိုသို့စစ်ဆေးဆောင်ရွက်ရာတွင် ငါးသိုင်းချောင်းမြို့ မီးသတ်ဦးစီးဌာန-လက်ထောက် မီးသတ်ဦးစီးမှူး ဦးဝင်းနိုင်နှင့် သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြောင့် ဒေသခံပြည်သူများ၏ အသက်အိုးအိမ်စည်းစိမ်များ ဆုံးရှုံးမှုမရှိစေရေးအတွက်၊ မီးချိတ်၊ မီးကပ်၊ သဲအိတ်၊ ရေအိတ်၊ မီးသတ်ဆေးဘူးများ အဆင်သင့်ထားရှိကြရန်၊ မိမိနေအိမ်တွင် အသုံးပြုသော လျှပ်စစ်မီးကြိုးများ ဟောင်းနွမ်းနေပါက အသစ်လဲလှယ်ရန်၊ အမှိုက်နှင့် လောင်စာများအား စနစ်တကျစွန့်ပစ်ရေးနှင့်  မီးဘေးအန္တရာယ်ကြုံတွေ့လာပါ သက်ဆိုင်ရာ မြို့မီးသတ်ဦးစီးဌာနသို့ အချိန်မီအကြောင်းကြားရန် တစ်အိမ်တက်ဆင်းကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။      

ငါးသိုင်းချောင်း (ပြန်/ဆက်)