မြစ်သားမြို့နယ် လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မြစ်သား     ဖေဖော်ဝါရီ    ၁၉

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ကျောက်ဆည်ခရိုင် အသေးစား စက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနနှင့် မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ယနေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအေးခိုင်ကအတတ်ပညာများ  သင်ယူထားခြင်းအားဖြင့် အကျိုးရှိပါကြောင်း၊ စိတ်ဝင်စားစွာသင်ကြားကြရန်လိုကြောင်း အဖွင့်အမှာစကားပြောကြားပြီး ကျောက်ဆည်ခရိုင် အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေမှူး ဦးကျော်ဇေယျာဝင်းက လူသုံးကုန်ထုတ်လုပ်နည်းပညာသင်တန်းကို (၅) ရက်ကြာ စာတွေ့လက်တွေ့ သင်ကြားပေးမည်ဖြစ်ပြီး ကုန်ကြမ်းမှကုန်ချောထုတ်လုပ်နိုင်ရန်အတွက် အသက်မွေးဝမ်းကျောင်း အထောက်အကူပြုသင်တန်း ဖွင့်လှစ်ပေးခြင်းအကြောင်းများကို အသေးစိတ်ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက မြို့ပြနှင့် ကျေးလက်ဒေသများတွင် အသေးစားလက်မှုလုပ်ငန်းများဖြင့် လူသုံး ကုန်ပစ္စည်းများတစ်နိုင် တစ်ပိုင် ထုတ်လုပ်၍ မိသားစုစီးပွားရေးအဆင်ပြေစေရန်ရည်ရွယ်ပြီး မိမိတို့ဌာနမှ အသေးစားစက်မှု၊ လက်မှု လုပ်ငန်းဦးစီးဌာနနှင့်ပူးပေါင်း၍ သင်တန်းများ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းသားတစ်ဦးခြင်းက မိတ်ဆက်စကားပြောကြားခဲ့သည်။

အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှု၊လက်မှု ဦးစီးဌာနမှ နည်းပြဆရာမများ၊ ကျောက်ဆည်ခရိုင် အသေးစားစက်မှု၊ လက်မှုဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာဝင်းနှင့် ဝန်ထမ်းများ၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြား‌ရေးမှူး ဒေါ်တင်တင်ထွေး၊ မြစ်သားမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအသင်းဥက္ကဋ္ဌနှင့် အသင်းဝင်များ၊ မြို့ပေါ်ရပ်ကွက်များရှိ သင်တန်းသားများ တက်ရောက်ခဲ့ကြပြီး မန္တလေးတိုင်းဒေသကြီး အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနမှ သင်တန်းနည်းပြ ဆရာမဒေါ်သူဇာဝင်းနှင့် ဒေါ်နိုင်းလိုင်းတို့က ဘက်စုံသုံးဆပ်ပြာဆီ၊ ရေချိုးဆပ်ပြာဆီ၊ မျက်နှာသစ်ဆပ်ပြာခဲနှင့်သဘာဝခေါင်းလျော်ရည် ထုတ်လုပ်နည်းပညာများကို (၁၉.၂.၂၀၂၄)ရက်နေ့မှ (၂၃.၂.၂၀၂၄) ရက်နေ့အထိ (၅)ရက်ကြာစာတွေ့လက်တွေ့ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)